166 7 1
                                    

ညတွေနက်လာလေ အိပ်မပျော်ခြင်းတွေက ပိုပြီး အထီးကျန်ဆန်လေပဲ။
ဘယ်အထိများ .....ဆိုတဲ့အတွေးက ဒီရင်ဝကို ဟက်ကနဲ တချက်တော့ ရယ်သွမ်းသွေးစေနိုင်တယ် ။

ဘာကိုများ မျှော်လင့်မိသလဲပေါ့။

တဖြည်းဖြည်း ယိုစိမ်းနေတဲ့...ကျနော့်ဖန်လုံအိမ်လေးဟာ....တနေ့တော့ ပြိုကွဲပျက်စီးရမယ် သိသိကြီးနဲ့လေ။

လူတွေက...ရယ်ရတယ်။

အဲ့ဒီ့ထဲက ကျနော်က ပိုပြီး ရယ်ရတယ်ကျန့်ကော။

နာနာကျင်ကျင်နဲ့ ဒီလက်တစ်ဖက်ကို ...အခုထိ အားကိုးနေမိသေးလို့လေ။

ဘယ်တော့မှ လွှတ်မချချင်တဲ့အတွေးက....တကယ်တမ်းတော့ စိတ်ကူးယဉ်သက်သက်ပဲတဲ့။

ကောဆုပ်ကိုင်ထားချင်ခဲ့တဲ့လက်တစ်စုံဖြစ်ခွင့်မရတာနဲ့ပဲ....ခပ်တင်းတင်းဖက်တွယ်ထားခဲ့မိတာတွေက....နာကျင်စေရမှန်း နားမလည်ခဲ့လို့။

ဒါဏ်ရာတိုင်းက...ကျနော့်ဆီကို ဦးတည်နေပါစေ။
ဖန်တီးတဲ့သူဟာ ကျနော် မဖြစ်ချင်တော့ဘူး။

နေ့နေ့ညည ....အေးစက်တဲ့ ကျောပြင်နဲ့ လစ်ဟာတဲ့ ရင်ခွင်ဟာ....နာတာရှည်ရောဂါလိုမျိုး ဘယ်အထိ ကပ်တွယ်နေအုံးမှာတဲ့လဲ။

ခြေလှမ်းတွေအတွက် လမ်းမရှိပေမဲ့....ခင်ဗျားဘေးက ခြေရာကတော့ ကျနော် မဖြစ်နေသင့်တာကို နားလည်ရပြီမိုလို့။

Extra Suicide ❌Where stories live. Discover now