Escape world 🔱

676 18 2
                                    

"လှုပ်ရှားသက်ဝင်မှုတိုင်းမှာ ကျနော်က လိမ်ညာလှည့်ဖျားလို့ကောင်းတဲ့..အရုပ်တစ်ခု"လား။

ကျနော်...နေရာတစ်ခုမှာ ချောင်ပိတ်နေမိတယ်။
ကိုယ်တိုင်က ရုန်းထွက်ဖို့..သတ္တိမရှိတဲ့ ကျနော်က သိပ်ပြီး..အစွန်းရောက်တယ်တဲ့။

မျိုသိပ်ရတာတွေ.နဲ့ ဒီရင်ဘတ်က ပြ်ည့ကျပ်လာတိုင်း...ကျနော်ရွေးမိတဲ့လမ်းက တစ်ခုတည်း။
အဆုံး။

နက်နက်နဲနဲ လွှတ်ချလိုက်စရာက..ခင်ဗျားနဲ့ ဒီခန္ဓာကြီးပဲ ရှိတဲ့ ကျနော့်အတွက်..ဘာတွေကိုများ မက်မောနေရအုံးမှာလဲဗျာ။
ဒီထက်ပိုပြီး...တခြားနည်းမရှိပါဘူး။
အိပ်ယာနိုးလာတဲ့အခါ...ဒီနေ့အတွက်..ရှင်သန်စရာနေရာနွေးနွေးတစ်ခုရှိတယ်။

ဗိုက်ပြည့်ဖို့ ..ဝယ်စားစရာ ပိုက်ဆံရှိတဲ့အခါ...တခြားဘာများလိုအပ်သေးလဲ။
ဒီအခန်းကျဉ်းနဲ့...အကျဉ်းချခံရတဲ့ စိတ်ဝိဉာဉ်က ထပ်တူနီးပါး..သဟဇါတ သင့်သင့်ရှင်သန်နိုင်ကြတဲ့နောက်...ကျနော်ဟာ လှု့ပမှိုက်လို ရှင်သန်မှုမျိုးနဲ့ ကျနော်က...ဒီလမ်းကိုရွေးလည်း.သိပ်ပြီး နောင်တရစရာမရှိပါဘူးဗျာ။

မနက်ဖြန်ဟာ မနက်ဖြန်ရဲ့ ကိစ္စဖြစ်ပြီး ဒီနေ့က မနက်ဖြန်တွေကို ထည့်မစဉ်းစားချင်တဲ့အထိ..ကျနော်နဲ့...ကျနော့်ခန္ဓာကိုယ်သည်လည်း..ကျနော့် အနာဂတ်ကို ထည့်မတွေးချင်ကြတော့ဘူး။

ခင်ဗျားဆီက တစ်စွန်းတစ် အကြင်နာတွေကို မျှော်ငေးရင်း..ရှင်သန်ရတဲ့နေ့ရက် အနည်းငယ်က..ခင်ဗျားစိတ်နဲ့ ဒီရင်ဘတ်က တစစ်စစ်နာပြီး..ကူကယ်ရာမဲ့ ငိုကြွေးရတဲ့နေ့အများကြီးနဲ့ယှင်္်လိုက်တော့...သိပ်ပြီး ကျေနပ်စရာကောင်းလွန်းခဲ့ပါတယ်။

" မက်မက်မောမော မဟုတ်ပါပဲ...သနားလို့ ယိုဖိတ်လာတဲ့ ချစ်ခြင်းတစ်ကနေ အစပြုတဲ့ သံယောဇဉ်အနှောင်အဖွဲ့ကို..ကျနော်ဟာ ရူးရူးသွပ်သွပ် စိတ်ကြီးဝင်နေခဲ့မိတယ်ဆိုတာ ကျနော့်ဘာသာ သိပါတယ်။

ကျန့်ကော..phone ထဲက message တစ်ခုက
ဒီရင်တစ်ခုလုံး စုတ်ပြတ်နေအောင် ငိုခဲ့ရဖူးမယ်လို့ မျှော်လင့်မထားမိတဲ့ ကျနော်က ...ကောကို သိပ်ယုံကြည်လွန်းခဲ့တာကိုဗျ။
ယုံကြည်အောင် ဟန်ဆောင်ပေးခဲ့တဲ့ ကောကလည်း သိပ်တော်လွန်းတာကိုး။

Extra Suicide ❌Where stories live. Discover now