"ကျိရန်"
"အင်းရှောင်းကျန့်"
"ဟို......."
"စိတ်မပူပါနဲ့ဆေးလိမ်းလိုက်ရင်ပျောက်သွားလိမ့်မယ် ဒါပေမဲ့ညဘက်ကိုတော့နည်းနည်းဂရုတစိုက်စောင့်ကြည့်ပေး ခြေသလုံးကဒဏ်ရာနဲ့မို့ ရိပေါ်ဖျားချင်ဖျားသွားနိုင်တယ်"
"လက်ကအနီကွပ်တွေကရော ကျိရန်"
"Allergicထတာပါဘာဓာတ်မတည့်တာလဲတော့ငါလဲအတိအကျမပြောတက်ဘူး တစ်ချို့ကအရာဝတ္ထုနဲ့ဓာတ်မတည့်တာတွေရှိသလိုတစ်ချို့ကအစားအသောက်နဲ့မတည့်တာရှိတယ် ရိပေါ်နိုးလာမှ တစ်ခုခုစားမိသေးလား မဟုတ်ရင် တစ်ခုခုသွားကိုင်မိလာမေးကြည့်လိုက်လေ"
"အင်း~~~"
"မသက်သာရင်ဆေးရုံကိုလာခဲ့ ပြီးရင်ရိပေါ်မှာနှလုံးအားနည်းတဲ့ရောဂါအခံရှိတယ်အရမ်းအထိတ်အလန့်ဖြစ်စေမဲ့အရာတွေကိုသူနဲ့ဝေးဝေးရှောင်ပေးရှောင်းကျန့် ခုလဲကလေးကလန့်တာပါရောပြီးသတိလစ်သွားတာ ရေရှည်ဒီလိုခဏခဏဖြစ်ရင်သူ့အတွက်မကောင်းဘူး နောက်ဆုံးနှလုံးရောဂါရတဲ့အထိပါဖြစ်သွားနိုင်တယ်"
"အင်းပါငါဂရုစိုက်လိုက်မယ်"
"ရိပေါ်လေးသတိရလာရင် ငါမေးခိုင်းတာလေးမေးထားလိုက် တစ်ခုခုဖြစ်ရင်လဲအချိန်မရွေးဖုန်းဆက်ခေါ်လိုက် Allergicထတာကလိမ်းဆေးပေးခဲ့တယ် ဆေးကိုနှံ့အောင်သာလိမ်းပေးလိုက်"
"Omm"
"အရမ်းကြီးလဲစိတ်မပူပါနဲ့ကွာ ကြီးမားမားဖြစ်တာမဟုတ်ပဲ မင်းခုလိုပုံစံဖြစ်နေရင်ရိပေါ်သတိရလာရင်ဘယ်လိုလုပ်မလဲအဲ့အခါကလေးကပိုအားနည်းနေမှာပေါ့"
"......."
"ကျန်တာကတော့ငါ မမကိုပဲမှာခဲ့လိုက်မယ် ပြီးရင်စစ်ယွမ်တို့ကိုလဲအရမ်းအပြစ်ပေးမနေနဲ့အုံးကြားလား ဒေါသကိုရှေ့တန်းမတင်နဲ့"
"......."
"အဲ့တာဆိုငါပြန်တော့မယ်နော်"
"အင်းကျိရန်"
"ကျန့်ကျန့်"
*ဆန်ပြုတ်ပန်းကန်ကိုင်ပြီးဝင်လာတဲ့မမနဲ့ ရေပတ်ဇလုံကိုင်ပြီးနောက်ကလိုက်လာတဲ့ဦးယန်နဲ့ဖိုးဖိုး*