ပြီးဆုံးတော့မဲ့ ဇာတ်လမ်း

3.1K 261 7
                                    

#Uni

တစ်ပတ်ပြည့်ပြီ...ကလေးက လူကိုစကားလဲမပြောသလို မျက်နှာချင်းလဲမဆိုင်ဘူး ချစ်ကတော့ပြောတယ်...သူက မကာကွယ်ပေးနိုင်လို့ စိတ်မကောင်းဖြစ်ပြီး ရှောင်နေတာတဲ့..

ငါလေးတော့အဲ့လိုမထင်ပါဘူး...ချစ်တို့ငါလေးကိုတစ်ခုခုမပြောဘဲ ထားထားတယ်လေ...ငါလေးသိပေမဲ့ ချစ်တို့ပြောလာမဲ့အချိန်ကိုစောင့်နေတာ... ကလေးဘာကိုရွေးမလဲဆိုတာကို သိချင်သေးတယ်

ဒီနေ့တော့ sundayမလို့...ဂျက်ဆင်နဲ့ချိန်းထားတယ်...သူ့ကိုပညာတော်သင်ကိစ္စ ပြောရမယ်လေ သူ့အဖေ အကူအညီတောင်းထားတာဆိုတော့...

"မ ဘယ်သွားမလို့လဲ  ''

အပြင်သွားမယ်ဆိုတော့ ပြင်ဆင်ပြီး ထွက်လာတုန်း ကလေးက ဧည့်ခန်းကဆိုဖာမှာ စာအုပ်ဖတ်နေရင်းကနေ ငါလေးကိုမြင်တော့...စာအုပ်ကိုပိတ်လိုက်ပြီး တရားခံစစ်သလိုလာမေးနေပြီ

"ဂျက်ဆင်နဲ့တွေ့ဖို့ချိန်းထားလို့...အဲ့တာ..''

ကလေးက မျက်မှောင်ကြုတ်လိုက်ပြီး ပေါင်ပေါ်က စာအုပ်ကို သိသိသာသာ အသံမြည်အောင် စားပွဲခုံပေါ်ချလိုက်ရင်း..

"အခုတလော အဲ့ကောင်နဲ့သိပ်ရောလွန်းတယ်...မက ကျွန်တော်ချစ်သူနော်...မ အဲတာရော...မှတ်မိသေးရဲ့လား..''

လေသံမာမာနဲ့ အသံကျယ်ကျယ်ပြောလာတဲ့က​​လေး နားရက်မလို့... အိမ်မှာ အိမ်ဖော်တွေကလဲမရှိ...လိုမှသာ ခေါ်ရသလို ချစ်ကလဲ သင်တန်းပြီးကတည်းက သွားအိပ်နေပြီ

"ကျွန်တော်မကြိုက်ဘူး...အဲ့ကောင်နဲ့ရောနေတာကို... ဘာလို့ယုံနေတာလဲ သူက ကောင်းချင်ယောင်ဆောင်နေတာဆိုရင်ရော..''

"ဒါဆို..ကလေးရော..''

ကလေးက ထိုင်ရာ ကနေထလိုက်ရင်း..

"ဘာ???''

"ဟုတ်တယ်လေ ကလေးလဲ...အရမ်းပင်ပန်းနေမှာပေါ့..''

"မ ဘာတွေပြောနေတာလဲ..''

ခုထိ မသိသလိုလုပ်နေတာ​​ကြောင့် ခုတလော ရင်ထဲသိမ်းထားသမျှတွေကို ဖွင့်ဟချင်လာပြီ

"ငါသိတယ် ငါလေး အားလုံးသိတယ်လို့...နင်နဲ့ဟိုအဲလစ်ဆိုတဲ့မိန်းမက စေ့စပ်ရတော့မှာကို...နင်ဘာလို့ ဟိုတစ်နေ့က သူ​ရေနဲ့ပက်မလို လုပ်တာတောင် မကာကွယ်ပေးခဲ့လဲဆိုတာ..''

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Donde viven las historias. Descúbrelo ahora