ဟိုဘက်အိမ်က

3.2K 330 30
                                    

ဟိုဘက်အိမ်က 💜

*ယနေ့ရက်ပိုင်းတွေမှာ စိတ်ဖိစီးမှုတွေ များနေရတဲ့ ငယ်လေးတို့အတွက် စိတ်ပေါ့ပါစရာ one shot လေးတစ်ပုဒ်အဖြစ် ရည်ရွယ်ပါသည် *
.
.
.
.
.

" မာမားရေ သားပြန်လာပြီ "

အထက်တန်းကျောင်းအတွက် တစ်နှစ်လုံး ဘော်ဒါဆောင်နေပြီး ကျောင်းကြီးပိတ်လို့ အိမ်ပြန်လာတဲ့ ရိပေါ်လေးဟာ သိပ်ကို တက်ကြွနေခဲ့ပါတယ် ။

" အမလေး မာမားသား ရိပေါ်လေး ပြန်လာပြီလား ။ ကြည့်ပါဦး မာမားသားလေးက ကြည့်ကောင်းလာလိုက်တာ ။ မာမား မမြင်ရတဲ့ တစ်နှစ်အတွင်း မာမားသားလေးက လူကြီးလေး ဖြစ်လာတာပဲ "

သူမထက် ခေါင်းနှစ်လုံးစာ ပိုမြင့်လာတဲ့ သားတော်မောင်လေးအား ရင်ခွင်ထဲ ပွေ့ပိုက်ရင်း ဝမ်းသားအားရ ကြိုဆိုတဲ့ ဝမ်မာမားဟာ သူမ မမြင်ခဲ့ရတဲ့ တစ်နှစ်အတွင်း ဖွင့်ဖြိုးလာတဲ့ သားခန္တာကိုယ်လေးကို အလွမ်းသည်ရင်း ထွေးဖက်ထားမိတယ် ။

" အန်တီ ကျွန်တော် ဝင်လာခဲ့ပြီနော် "

နှုတ်ဆက်သံနဲ့ ဝင်လာတဲ့ လူရိပ်လေးကြောင့် ဝမ်မား သားလေးကို ရင်ခွင်ထဲက ဖယ်ခွာရင်း လှည့်ကြည့်မိတယ် ။

" အော် ရှောင်းကျန့် ။ သား ဝင်လာခဲ့လေ ။ ဒီမှာ အန်တီ့သား ၊ သားညီလေး ပြန်ရောက်လာလို့ အန်တီ သားကိုခေါ်ထားတာ မေ့သွားခဲ့တယ် "

" ရပါတယ်ဗျ အန်တီရ "

ဝမ်ရိပေါ် မာမားရင်ခွင်ထဲက ထွက်လိုက်တော့ မြင်လိုက်ရတဲ့ အကိုကြီးတစ်ယောက် ။ အနည်းငယ်ညိုတဲ့ အသားအရေနဲ့ ပြုံးမြမြ မျက်နှာလေး ။ နှုတ်ခမ်းပါးပါးလေးနဲ့အပြင် နှုတ်ခမ်းပါးလေးအောက်မှာ ထင်ရှားနေတဲ့ မဲ့နက်လေးတစ်လုံး ။

" အကိုကြီး ကျွန်တော် နာမည် ဝမ်ရိပေါ်ပါ ခင်ဗျ "

ကလေးပီပီ ဟန်ချီချီ ဝမ်ရိပေါ် အကိုကြီးလက်ကို ဖမ်းဆွဲကိုင်ကာနှုတ်ဆက်လိုက်တယ် ။ မာမားက လူကြီးဆိုတော့ မိတ်ဆက်ခိုင်းရင်မကောင်းဘူး ။ အကိုကြီးကလည်း လူကြီးဆိုတော့ ရိပေါ်ကို နှုတ်ဆက်လာမှာ မဟုတ်ဖူးလေ ။

" အော် ဝမ်ရိပေါ် ။ အကို့နာမည်က ရှောင်းကျန့်ပါ "

" ဟုတ်ကဲ့ အကိုကြီး တွေ့ရတာ ဝမ်းသာပါတယ်ဗျ "

ဟိုဘကျအိမျက 💜 ( One Shot )Where stories live. Discover now