Chapter - 45

16.2K 2.6K 376
                                    


{Zawgyi}

•မင်းက ငါ့ကိုပစ်ခဲ့တာလား ဒါမှမဟုတ် ငါက မင်းကို ပစ်ခဲ့တာလား?•


လီယွိက အလုပ်ကိုလာပြီး တောင်းပန်လိမ့်မယ်လို့ ကျန်းဆွေ့ယင်းထင်ခဲ့တာဖြစ်ပြီး သူ့အိမ်ကိုပဲ တန်းပြီးလာလိမ့်မယ်လို့ကို ထင်မထားခဲ့ဘူး။

သူ့အိမ်ကိုလာတဲ့အချိန်မှာလည်း ဧည့်သည်တစ်ယောက်လိုမျိုး တံခါးလေးတောင် မခေါက်ခဲ့ဘူး။ သော့နဲ့သာ တံခါးကိုတန်းဖွင့်ပြီး ဝင်ချလာတာဖြစ်တယ်။

ဆိုဖာပေါ်မှာ စာအုပ်လေးဖတ်ပြီးလှဲနေတဲ့ ကျန်းဆွေ့ယင်း တုန်တက်သွားတယ်။ တံခါးကို သော့နဲ့ဖွင့်သံကြားလိုက်ချိန်မှာ ခဏလောက်တော့ မတုန့်ပြန်နိုင်ဖြစ်သွားပြီးနောက်မှ ဆိုဖာပေါ်ကနေထကာ ထောင့်နားမှာလွယ်လင့်တကူရှိတဲ့ ဂေါ့ဖ်ရိုက်တံကိုဆွဲထုတ်လိုက်တယ်။ တံခါးဆီကို တန်းသွားပြီး ဘယ်လိုတောင်ကံခေတဲ့သူခိုးက သူ့အိမ်ထဲဝင်ခိုးဖို့ လုပ်ရဲတာလဲဆိုတာကို ကြည့်ဖို့ပြင်လိုက်တယ်။

ရလဒ်ကတော့ လီယွိရဲ့မျက်နှာဖြူဖြူလေးကို တွေ့သွားပြီး လုံးဝကိုကြက်သေသေသွားတာသာဖြစ်တယ်။

အဲ့တော့မှသာ သူကိုယ်တိုင်လီယွိကို သူ့ရဲ့သော့တွေပေးထားပြီး သူတို့ပြတ်သွားချိန်မှာ ပြန်တောင်းဖို့မေ့နေခဲ့တာကို သတိရသွားတယ်။

လီယွိမျက်ခွံတွေ ငိုက်စိုက်ကျနေပြီး သူ့ကို အရေးမစိုက်ဟန်နဲ့ကြည့်လာတယ်။

ကျန်းဆွေ့ယင်းတောင် ရင်ခုန်သွားပြီးမှ သူ့ကိုယ်သူ ပြန်ကြိမ်းမောင်းရတော့တယ် : မင်းမေလဥ ဒီလခွမ်းကောင်မှာ တောင်းပန်တဲ့အမူအယာလေးတောင်မရှိဘူး၊ သူ့ရဲ့ပျော်ရွှင်မှုက နေရာမှာတင် တစစီဖြစ်သွားပြီး ထေ့ငေါ့ပြောလိုက်တယ် "တံခါးမှာ တံခါးခေါင်းလောင်းအကြီးကြီးရရှိတယ်၊ မတွေ့ဘူးလား... မင်းကို ငါ့အိမ်ထဲ ဘာမဟုတ်သလိုဝင်ခွင့် ဘယ်သူပြုပေးလို့လဲ?"

လီယွိတံခါးနားမှာရပ်ပြီး သူ့လက်ထဲမှာရှိတဲ့ လက်ဆောင်တစ်စုလိုက်ကြီးကို ကြမ်းပြင်ပေါ်ချလိုက်တယ်။ သူလာချင်စိတ်မရှိတဲ့ပုံပေါ်တယ်။ သူနှာခေါင်းရှုတ်ကာ : "ဒီလို ရာသီဥတုကောင်းနေတော့ ခင်ဗျားချိန်းတွေ့နေမယ်လို့ထင်သွားတာ.. ကျွန်တော်ဝယ်ထားတာတွေ လာပေးရုံပဲ၊ အခုချပေးပြီးပြီဆိုတော့ ပြန်ပြီ"

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now