Chapter - 130 [ Special Chapter ] 🚑

26.7K 2.5K 960
                                    

{Zawgyi}

•The Party•

လွန်ခဲ့တဲ့တစ်ပတ်လောက်က ပေကျင်းကို လာခဲ့မယ်ဆိုပြီး ရှောင်ချွင်ဆီက ဖုန်းကောတစ်ကော ကျန်းဆွေ့ယင်း လက်ခံရရှိခဲ့တယ်။

ကျန်းဆွေ့ယင်း အတော်ပျော်နေတာဖြစ်တယ်။ ရှောင်ချွင်က လီယွိကို တော်တော်လေး အကူအညီပေးခဲ့တယ်။ သူ့အတွက် အသုံးဝင်မယ့်လူတွေအများကြီး မိတ်ဆက်ပေးခဲ့တယ်။ သူ ညစာဖိတ်လို့ရအောင် ရှောက်ချွင်ကို ဘယ်အချိန်ရောက်မှာလဲဆိုပြီးတောင် မေးလိုက်တယ်။

ရှောက်ချွင်က ဒီတစ်ခေါက် သူပြန်လာတာ နွေဦးပွဲတော်အတွက်တင်မကဘဲ ရှန်ကျန်းမှာရှိတဲ့ အကြီးဆုံးစီမံကိန်း အပြီးသတ်ဖို့အတွက်လည်း ပါတယ်ဆိုပြီး ပြောခဲ့တယ်။ သူ့မိန်းမနဲ့ကလေးကို ပေကျင်းပြန်ခေါ်လာပြီး နေဖို့ စီစဉ်ထားတယ်။ သူ့အိမ်ကို ပြင်ဆင်ပြီး အိမ်တက်မင်္ဂလာလုပ်ကာ သူငယ်ချင်းတချို့ကိုပါ ဖိတ်ချင်နေတယ်။

ကျန်းဆွေ့ယင်းကတော့ အလွယ်တကူ သဘောတူလိုက်တယ်။ ဘယ်လိုမျိုး မြင့်မြတ်တဲ့နေရာဖြစ်နေမလဲဆိုတာနဲ့ ရှောက်ချွင်ဆိုတဲ့ အကြီးစားလူရမ်းကားကို ဘယ်လိုလှောင်ပြောင်လို့ရမလဲဆိုတာ သူ သိချင်လှပြီ။ သူတို့အသိုင်းအဝိုင်းမှာ ရှောက်ချွင်နဲ့သူ့သားအကြောင်း မသိသူမရှိဘူး။ သူတို့တွေက ရှောက်ချွင်ကို လက်ညှိုးထိုးကာ အချစ်ရဲ့စွမ်းအားက သောက်ရမ်းကြီးမားတယ်ဆိုပြီး စနောက်နေကျဖြစ်တယ်။ ရှောက်ချွင်ဆိုတဲ့ ပါတီတိရစ္ဆာန်တစ်ကောင်ကို အိမ်ကပ်တဲ့ယောကျာ်းတစ်ယောက်တင်မက လုပ်ငန်းထိန်းသိမ်းရတဲ့လူပါဖြစ်အောင် ထိန်းကျောင်းနိုင်ခဲ့တယ်။ သို့ပေမယ့် ထိုစုံတွဲက ရှန်ကျင်းမှာပဲ တချိန်လုံး နေနေခဲ့တယ်။ ရှောက်ချွင်နဲ့ ရင်းနှီးတဲ့သူငယ်ချင်းတချို့ကလွဲလို့ သူ့မိန်းမကို မြင်ဖူးကြတဲ့သူ တစ်ယောက်မှမရှိဘူး။ သူတို့ ပြန်လာကြမယ်ဆိုတာကို ကြားတယ်ဆိုရင်ပဲ လူတော်တော်များများက ပျော်ပါးဖို့ ပါဝင်လာကြတယ်။

ချိန်းဆိုထားတဲ့နေ့မှာ ကျန်းဆွေ့ယင်း သေချာဝတ်စားတော့တယ်။ သူ့အလုပ်ပြီးသွားတဲ့နောက် လီယွိကို စတင်ချောဆွဲတော့တယ်။ လီယွိအတွက် အဝတ်အစားရွေးပေးပြီး ဆင်ပေးရတာက အိမ်မှာ သူ့အတွက် တစ်ခုတည်းသောအလုပ်ဖြစ်တယ်။ ပြီးသွားတဲ့နောက်မှာ အမျိုးသားနှစ်ယောက် လှပမွှေးကြိုင်စွာ ထွက်လာခဲ့ကြတယ်။

အရူးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်း [ဘာသာပြန်] {Complete}Where stories live. Discover now