Zawgyi Version
"ရဲတွေနဲ့စကားပြောကြည့်တော့ ဘာတဲ့လဲ အတွင်းရေးမှူး....?"
"စုံစမ်းနေတုန်းပဲတဲ့ CEO.... ဒါပေမယ့် မင်္သကာစရာတစ်ခုက CEO ကားဆီတည့်တည့်မောင်းလာတဲ့ ထရပ်ကားကြီးရဲ့နံပတ်ပြားက တရားမဝင်ဖြစ်နေတယ်တဲ့ CEO...."
"ဟုတ်လား....? ထရပ်ကားမောင်းတဲ့ယာဉ်မောင်းနဲ့ ဆိုင်ကယ်သမားကကော....?"
"ထရပ်ကားမောင်းလူက ထွက်ပြေးသွားပါတယ် CEO... ဆိုင်ကယ်သမားကတော့ ပွဲချင်းပြီးပဲသေသွားပါတယ်....."
"အဲဒါဆို အမှုစုံစမ်းဖို့က အစရှာမရဖြစ်နေတာပေါ့...."
"ဟုတ်ပါတယ်၊ ဒါပေမယ့် ရဲတွေကတော့ ဒီအမှုကို လုပ်ကြံမှုလို့သတ်မှတ်ပြီး တရားခံကို မရမက စုံစမ်းနေကြပါတယ်....."
"အင်း.... ဒါဆို ငါ ရဲတွေနဲ့စကားပြောကြည့်ရဦးမယ်ထင်တယ်....၊ ဖုန်းချလိုက်တော့မယ် အတွင်းရေးမှူး၊ Company ကျမှတွေ့ကြတာပေါ့..."
"ဟုတ်ကဲ့ပါ CEO...."
အတွင်းရေးမှူးနဲ့ဖုန်းပြောပြီးတော့ သက်ပြင်းတစ်ချက်ချလိုက်မိသည်။
ရဲတွေရဲ့အပြောအရဆို ကိုယ်ထင်နေတာမှန်နေတာပဲ....။
ကိုယ့်ကိုသတ်ချင်နေတဲ့သူ ရှိနေတာပဲ....။ဒါပေမယ့် ဘယ်သူများလဲ....။
တစ်ညလုံးမအိပ်ဘဲ စဉ်းစားလည်း လုံးဝစဉ်းစားလို့ကိုမရပေ။ရေချိုးခန်းထဲဝင်လိုက်ရင်း ညက ဒဏ်ရာပေါ်ကပ်ခဲ့သောပလာစတာကို ခွာကာ အသစ်ပြန်လဲလိုက်သည်။
ရေမိုးချိုးကာ Company သွားဖို့ပြင်ဆင်ပြီးသည်အထိ အိပ်ရာပေါ်က အိပ်ပုတ်ကလေးကတော့ အခုထိမထသေး။အိပ်နေတာများ နှုတ်ခမ်းလေးကိုချွန်လို့....။
မနေ့ကတစ်နေကုန် ကိုယ့်လက်ထဲကနေပြေးထားရလို့ ပင်ပန်းနေပြီနဲ့တူပါတယ်....။
ခန္ဓာကိုယ်ပေါ်ကနေ ကျနေတဲ့ စောင်လေးကိုပြန်ခြုံပေးခဲ့ပြီး နဖူးလေးထံ အနမ်းပေးခဲ့ကာ အခန်းထဲကနေထွက်လာလိုက်တော့သည်.....။အောက်ထပ် ထမင်းစားခန်းထဲရောက်တော့ မနက်စာဝိုင်းမှာ ရောက်နေပြီဖြစ်တဲ့ အဖေနဲ့အမေ....။
ကိုယ်လည်း စားပွဲဝိုင်းမှာထိုင်မည်အပြု...
YOU ARE READING
I Hate U [Completed]
RomanceTaekook Jungkook × Taehyung Both Zawgyi and Unicode versions are available !