မနက်မိုးလင်းတော့ ခေါင်းကကိုက်ခဲလာမှုနဲ့
အတူ မုန်းတစ်ယောက်နိုးလာတော့သည်။"အားးးးးးးကျွတ်စ်..ကျွတ်စ် ခေါင်းကိုက်လိုက်
တာ သေတော့မဲ့အတိုင်းပဲ ဘယ်အချိန်ရှိပြီလဲ
ကျောင်းနောက်ကျတော့မယ်ထင်ပါရဲ့"
မုန်းပြောလိုက်ပြီး အိပ်ရာသိမ်းဖို့လုပ်တော့ မုန်း
ကိုကျောခိုင်းပြီးအိပ်နေတဲ့ မိန်းကလေးတစ်
ယောက်။" မနေ့ကဘာဖြစ်ခဲ့ပါလိမ့် ငါ့ဘေးသူက
ကောဘယ်သူလဲ "
စဉ်းစားကြည့်တော့ မနေ့ကသူငယ်ချင်းရဲ့
မင်္ဂလာညစာစားပွဲသွားတုန်း မိတ်ဟောင်းဆွေ
ဟောင်းတွေနဲ့ဆုံရင်းသောက်ဖြစ်သွားသည်။သူငယ်ချင်းတွေကပဲ အိမ်ကိုပြန်လိုက်ပို့သည်။
ပြီးတော့ မုန်းဘေဲးကလူကဘယ်လိုရောက်လာ
တာလဲဆိုတာစဉ်းစားလို့မရ။"အဲ့ဒါဆို ငါကလေးအပေါ် သစ္စာဖောက်မိပြီပေါ့
အရက်ကကောင်းကျိုးမပေးလိုက်တာကွာ"
စိတ်ထဲကတွေးနေတုန်း သူမလေးကလူးလိမ့်ရင်း
မုန်းဆီမျက်နှာမူလာတော့သည်။"Oh mygod ညို့ပဲ ဘယ်လိုရောက်လာပါ
လိမ့် ဒီတစ်ခါအရက်ကအတော်ကောင်းကျိုးပေး
သားပဲ "
မုန်းတီးတိုးပြောနေမိတော့သည်။ ဆံပင်တွေရှုပ်
ပွပြီး မိတ်ကပ်တွေလဲမဖျက်ရသေးဘူး။အဝတ်
အစားကင်းမဲ့နေသော သူမbodyလေးကိုတော့
စောင်နဲ့ဖုံးထားသည်။မုန်း သူမလေးအနားကပ်ပြီး သူမနဖူးလေးကို
ခပ်ဖွဖွနမ်းလိုက်သည့်တိုင်အောင်သူမ,ကနိုးမလာ
သေး။"အိပ်ပုတ်ကြီးလိုက်တာ ကာလနဂါးလေးဝင်စား
တာနေမယ် "
မုန်းတစ်ယောက်စိတ်ထဲကပြောရင်း ခုတင်ဘေး
မှာပြန့်ကျဲနေတဲ့အဝတ်အစားတွေထဲက မုန်းရဲ့
အဝတ်အစားကိုရှာဝတ်လိုက်သည်။
YOU ARE READING
👭ညို့...💞
Romance" ပတ်ဝန်းကျင်၊ ဆရာတပည့်၊ အသက်အရွယ်ကွာဟမှုတွေကို ခဏဘေးဖယ်ပီး ညို့လက်ကိုသာ ရဲရဲဝံ့ဝံ့ ဆုပ်ကိုင်ပေးလို့ ရမလား?ချယ်" ( ညိုသွေးသစ်) သာမာန်စုံတွဲတွေလို သာယာတဲ့အိမ်တွေလိုရေး တခုလို စိတ်ကူးယဉ်ကြည့်ရအောင် 👭💞Girl love💞zawg...