အိမ်ပြန်ရောက်တော့ ယွန်းဝသုန်ပြောတဲ့စကား
တွေကိုပဲနားထဲကြားယောင်နေမိတော့သည်။"အချစ်အတွက်တခါလောက်ပဲ သတ္တိရှိလိုက်စမ်း
ပါဆိုတာကိုပေါ့ "
သေချာပြန်စဉ်းစားကြည့်ရင် သူမ,ပြောတာလဲမှန်
သည်မလား?ပြသနာကိုရင်ဆိုင်ဖြေရှင်းဖို့ မကြိုး
စားပဲ မုန်းဆိုတဲ့ကျမ,ကအမြဲတမ်းထွက်ပြေးနေခဲ့
တာ။ယွန်းဝသုန်နဲ့ ကိစ္စတုန်းကလဲ မုန်းပဲထွက်ပြေးခဲ့
တာ။ အဲ့ဒီအတွက်ကိုယ့်ကိုယ်ကိုယ်လဲအမြဲအပြစ်
တင်နေခဲ့မိတာ။ငါသာ သတ္တိရှိခဲ့ရင်ဆိုတဲ့စိတ်နဲ့အမြဲတွေးနေခဲ့တာ
အရာအားလုံးကကံဆိုးတာချည်းပဲမကြုံရသလို
ကံကောင်းခြင်းတွေချည်းပဲမကြုံရဘူးမလား?ယွန်းဝသုန်နဲ့ဝေးသွားခဲ့လို့ ကလေးလေးနဲ့ဆုံတွေ့
ခွင့်ရခဲ့တယ်။ အဲ့ဒါက ကံကောင်းခြင်းပဲမလား?
မုန်းအတွက်တော့ ကလေးနဲ့ဆုံရတာကံကောင်း
လို့ပဲသတ်မှတ်ထားတယ်။ယွန်းဝသုန်နဲ့တုန်းက မုန်း အတ္တ္တကြီးခဲ့သည်။ဟမ်
ဟမ် မဟုတ်ခဲ့ဘူး။မုန်း သူ့ဘဝလေးကောင်းစား
ဖို့အတွက် နောက်ဆုတ်ပေးခဲ့တာဆိုရင်ပိုမှန်လေ
မလား?ယွန်းဝသုန်မိဘတွေက မုန်းတို့ချစ်သူတွေဖြစ်နေ
ကြတာသိသွားတော့ ယောက်ျားပေးစားဖို့အတင်း
စီစဉ်တာလေ။ အတိတ်ကိုမေ့ထားခဲ့တာကြာပြီ
ဆိုပေမဲ့ ဒီနေ့တော့အတိတ်ကိုပြန်တွေးကြည့်ဖို့
လိုပြီမလား?"ချို..ငါတို့အကြောင်းတွေကိုငါ့အိမ်ကသိသွားပြီ
ဟ အမေကယောက်ျားပေးစားဖို့တောင်စီစဉ်နေပြီ
အခုတောင်အိမ်ထဲကပေးမထွက်တော့ဘူး ငါတို့
ဘယ်လိုလုပ်ကြမလဲချို တခုခုကြံပါအူးဟာ"
သူမ,ကဖုန်းဆက်ပြောလာခြင်းပင်လေ။ အဲ့တုန်း
က မုန်းတို့တွေကျောင်းပြီးခါစပေါ့။ ဘွဲ့တောင်
မယူရသေးတဲ့အချိန်။ ဘာမှလေးလေးနက်နက်
မတွေးခဲ့။ ထို့ကြောင့်ပင်
YOU ARE READING
👭ညို့...💞
Romansa" ပတ်ဝန်းကျင်၊ ဆရာတပည့်၊ အသက်အရွယ်ကွာဟမှုတွေကို ခဏဘေးဖယ်ပီး ညို့လက်ကိုသာ ရဲရဲဝံ့ဝံ့ ဆုပ်ကိုင်ပေးလို့ ရမလား?ချယ်" ( ညိုသွေးသစ်) သာမာန်စုံတွဲတွေလို သာယာတဲ့အိမ်တွေလိုရေး တခုလို စိတ်ကူးယဉ်ကြည့်ရအောင် 👭💞Girl love💞zawg...