330 36 8
ဂျွန်ဂု သူလွှတ်ထားသော အထောက်တော်က မြန်မြန်ကြီး ပြန်ရောက်လာတော့ အနည်းငယ် ကြောင်အသွားရ၏။သူက ထယ်လေးနဲ့ ဟိုမင်းသားနောက်ကို နန်းတော်ထဲပြန်မရောက်မချင်း လိုက်သွားပြီး ခြေရာခံဖို့ ပြောခဲ့တာလေ ဘာကြောင့် ထယ်လေးထက်အရင် သူက ရောက်လာရတာလဲ။
“မင်းက ဘာလို့အစောကြီးပြန်ရောက်လာရတာလဲ”
“အဲ့……အဲ့ဒါ………..”
တပ်သားမှာလည်း ဖြေရန်အလွန်အခက်တွေ့နေပုံပင်။ခေါင်းကို ဘယ်ညာလှည့်ကာ ရှောင်နေသည်မှာ အကြာကြီး။ကြာတော့ စိတ်မရှည်တော့ဘဲ သူခက်ထန်စွာ အော်မေးလိုက်သည်။
“မြန်မြန်ပြောစမ်း!!!!!သူတို့နောက်ကို မလိုက်ဘဲ ဘာလို့ပြန်လာရတာလဲလို့”
“ဟို........ဟို..........သူတို့ကို ခြေရာပျက်သွားလို့ပါ အရှင့်သား”
အမှန်တော့ ဟိုနှစ်ယောက် တည်းခိုခန်းထဲရောက်သွားပြီး အခန်းယူလိုက်သည်အထိ သူအနားတွင် ရှိနေခဲ့ပါသည်။အခန်းရှေ့ကိုတောင် မယောင်မလည်ရောက်သွားခဲ့သေး၏။သို့သော် အထဲမှ စကားဝိုင်းအစကို ကြားပြီးသည်တွင်တော့ သူကျောထဲစိမ့်သွားပြီး ထိုနေရာကနေ မြန်မြန်ထွက်ခဲ့ရတော့သည်။သူကိုယ်တိုင်လည်း သည်ကိစ္စကို သည်ထက်ပိုပြီး မသိချင်တော့........သိထားပြီးလို့ အိမ်ရှေ့စံကို သည်သတင်းအတိုင်း တင်ပြလိုက်လျှင် သူ့ခေါင်းပြတ်သွားမည်လေ။အခုတိုင် သူ့ကို သတ်မလိုဖြတ်မလို သွေးဆာနေသော မျက်ဝန်းတွေနှင့် ကြည့်နေလောက်ပြီထင်သည်။
တကယ်ပါ........ကိုယ်ရံတော်ထယ်ယောင်းသည် အိမ်ရှေ့စံ၏ သူ့အပေါ် စွဲလမ်းမှုကို ပေါ့ပေါ့တန်တန် သဘောထားလွန်းသည်။လူတကာနှင့် အရောဝင်ကာ နေချင်သလိုနေ ပြောချင်သလိုပြောကာ နေ့စဉ်နေ့တိုင်း အိမ်ရှေ့စံ၏ ဒေါသကို ဆွပေးနေသလိုပင်။ကိုယ်ရံတော်သည် နိုင်ငံရေး၊စစ်ရေးနှင့် နန်းတွင်းရေးရာများတွင် အသက်နှင့်မလိုက်အောင် လိမ္မာပါးနပ်သော်ငြား ခံစားချက်များနှင့် ပတ်သက်လျှင် ထုံပေပေနိုင်လှပြီး နန်းတော်တစ်ခုလုံး သိထားသည့် အိမ်ရှေ့စံမင်းသား၏ သူ့အပေါ် ခံစားချက်များကို လျစ်လျူရှုထားနိုင်လေသည်။အကျိုးဆက်ကတော့..........
You've reached the end of published parts.
⏰ Last updated: Feb 13, 2021 ⏰
Add this story to your Library to get notified about new parts!
The Unfinished Diary of an Infamous MuseWhere stories live. Discover now