13📷

1.8K 165 5
                                    

Z+U

အလုပ်​လုပ်​​နေသည့်​အချိန်​တိုင်းဖုန်းပိတ်​ထားတက်​သည့်​အကျင့်​​ကြောင့်​ သူမရဲ့တည်းခိုစရာ​နေအိမ်​​ရောက်​မှဖုန်းကိုဖွင့်​ကြည့်​မိ​တော့ miss call များနှင့်​ message တစ်​​စောင်​၊ မို့သက်​ဆီကဖြစ်​​နေ၍ကြည့်​မိ​တော့ သူမကမ္ဘာကြီးက ပြိုကျသွား​စေရန်​လုံ​လောက်​​သောစာ​လေးတစ်​​ကြောင်းဖြစ်​​နေ​လေတယ်​။

'သံ​ယောဇဉ်​ ဒီ​နေ့​စေ့စပ်​တယ်​သစ်​ခတ်​ နင်​အဆင်​ပြရဲ့လား' ဆိုတဲ့စာ​လေးတစ်​​ကြောင်းက သူမကိုယ်​သူမပြန်​​မေးမိ​လေတယ်​၊ သူမကိုယ်​တိုင်​​ကောအဆင်​​ပြေ​နေရဲ့လား၊ သူမဘက်​ကစပြီးထွက်​​ပြေးခဲ့တဲ့သူပါပဲ သူမအတွက်​ဒီ​လောက်​​တော့ထိုက်​တန်​မယ်​ထင်​ပါရဲ့၊ သူမကို သံ​ယောဇဉ်​ကသံ​ယောဇဉ်​နိုင်​ခဲ့သည်​လော၊ ဒါမှမဟုတ်​ သံ​ယောဇဉ်​ သည်လဲပဲ သူမနည်းတူ အ​ခြေအ​နေအ​ကြောင်းများ​ကြောင့်​ လက်​ခံလိုက်​ရသည်​လားဆိုတာကို​တော့သူမမသိ။

သူမဘာလုပ်​နိုင်​မည်​နည်း၊ အရင်​ကလဲ သူမဘ၀မှာဘယ်​သူမှမရှိသလို ယခုလဲ သူမဘ၀မှာမည်​သူမျှရှိ​မ​နေ​တော့​ချေ၊ သို့​သော်​ သူမစိတ်​ထဲကမှ​နေ သံ​ယောဇဉ်​ကို ​မျှော်​လင့်​​နေမိတာ​တော့အမှန်​ပင်​။

အချိန်​များတ​ရွေ့​ရွေ့ကုန်​ဆုံး​သည်​နှင့်​အမျှ သူမသည်​ ​နေရာအတည်​တကျရှိ​မ​နေပဲ ​နေရာစုံကို​လျောက်​သွားကာ ကင်​မရာတစ်​လက်​နှင့်​ ​ရောက်​တဲ့ရာရာသွားလာ​နေခဲ့သည်​၊ ဒီကြားထဲ မို့သက်​မှ​နေ၍ သူမထံသို့ တစ်​နည်းမဟုတ်​တစ်​နည်းဖြင့်​ သံ​ယောဇဉ်​၏အ​ကြောင်းများကို ​ပြောပြ​ပေး​လေသည်​။

သူမ​နောက်​ဆုံးကြားရတဲ့သတင်းက​တော့ သံ​ယောဇဉ်​လက်​ထပ်​ပြီး သူမအ​မေပိုင်​တဲ့ကုမ္ပဏီမှာ ​ရာထူးကြီး​သော​နေရာတစ်​ခုမှအလုပ်​လုပ်​​နေသည်​တဲ့၊ သူမကိုတစ်​ရက်​တ​လေမှ​မေ့မရခဲ့​ပေမဲ့ သူမရဲ့သတင်းများကြားမိလျှင်​ မြန်​မာပြည်​ကိုအ​ပြေးပြန်​သွားချင်​စိတ်​ကို ထိန်းချုပ်​ထားရသည်​၊ ထို့​ကြောင့်​ မို့သက်​နှင့်​အဆက်​အသွယ်ဖျတ်​ကာသူမ​နေခြင်းဖြစ်​သည်​၊ မို့သက်​မှမဟုတ်​ပါ လူတိုင်းနှင့်​ အဆက်​အသွယ်​ဖြတ်​ထားသည်​ဆိုပိုမှန်​မည်​။

LOVELY FIRST LOVE 📷✈[Completed-6]Where stories live. Discover now