3 📷

2.5K 236 4
                                    

Z.C + U.C ©

သစ်​ခတ်​နှင့်​မို့သက်​သွားသည့်​ဆိုင်​မှာ မို့သက်​​ပြောသ​လောက်​မဆိုး​ပေ ဘာလို့ဆို သူမတို့လာတာ မြန်​မာပလာဇာမှ ထိုင်းဟင်းလျာဆိုင်​ဖြစ်​သည်​။

"နင့်​ရုပ်​ကြီးကဘာဖြစ်​​နေတာလဲ ဘာလဲ ငါက သူငယ်​ချင်းဖြစ်​သူရဲ့ မရှိမဲ့ရှိမဲ့​ချွေးနည်းစာ​လေးကိုအကုန်​သုံးမဲ့လူရုပ်​မာကြီးနဲ့များတူ​နေလို့လား သစ်​ခတ်​မ..."
"​တော်​စမ်းပါ မို့သက်​ရာ နင့်​အ​ကြောင်းမသိရင်​ခတ်​ရချည်​​သေးရဲ့ ဟွန့်​ ​ရော့ ပိုက်​ဆံအိတ်​ ကဒ်​နဲ့ရှင်းလဲသ​ဘောပဲ ကြိုက်​သလိုသာလုပ်​​တော့ ငါ​တော့အရမ်းထိုင်​ချင်​​နေတယ်​ အတွင်းဘက်​က ထိုင်​ခုံမှာ ထိုင်​​စောင့်​​နေမယ်​ နင့်​ဘာသာကြည့်​ကျပ်​ပြီးသာငါ့အတွက်​မှာလာ​တော့..သွားပြီ..."

သူ​ပြောချင်​ရာ​ပြောပြီး ဆိုင်​အတွင်း​ဒေါင့်​သို့တန်းတန်းမှတ်​မှတ်​သွားတဲ့ သစ်​ခတ်​ရယ်​ပါ မို့သက်​က​တော့ သူ့သူငယ်​ချင်းသူမနိုင်​၍လွှတ်​သာထားသည်​ သူမလဲ သူမအတွက်​​ကော သစ်​ခတ်​အတွက်​ပါ တစ်​ပါတည်းမှာပြီးသစ်​ခတ်​ထိုင်​​နေသည့်​စားပွဲသို့သာ ပြုံးစိစိနှင့်​သွား​လေသည်​။

"အမ​လေး ရုပ်​ကြီးကဘာဖြစ်​​နေတာလဲ အီးမှန်​​နေတာလား..."
"ထွီ...စား​သောက်​ဆိုင်​ ထဲမှာ ​ပေါက်​​ပေါက်​ရှာရှာ နင့်​ဟာနင်​ အီးမှန်​​နေ..."

သူမတို့ စကား​ပြော​နေချိန်​ သူမတို့​ဘေးမှ ​ကောင်​မ​လေးတစ်​​ယောက်​ဖျတ်​သွားတာကို သစ်​ခတ်​က သူမစကား​ပြော​နေရင်း သူမမျက်​စိက ထို​ကောင်​မ​လေး​နောက်​ပါသွား​လေ​တော့ မို့သက်​မှာလဲ သစ်​ခတ်​ကဲ့သို့ပင်​ သစ်​ခတ်​ကြည့်​​​နေသည့်​​ကောင်​မ​လေး​နောက်​သို့လိုက်​ကြည့်ေ​လသည်​။

"သစ်​ခတ်​ နင်​ဘာကြည့်​​နေတာလဲ..."
"ဟာ...ဖီလ်းငုတ်​လိုက်​တာ မို့သက်​ရာ ငါဘာကြည့်​​နေလဲနင်​မမြင်​ဘူးလား..."

အဘယ့်​​ကြောင့်​ဆို​သော်​ သစ်​ခတ်​ကြည့်​​နေသည့်​ မြင်​ကွင်းကို မို့သက်​က သူမ မျက်​နှာနဲ့ကွယ်​လိုက်​ခြင်း​ကြောင့်​ပင်​။

LOVELY FIRST LOVE 📷✈[Completed-6]Where stories live. Discover now