"...တီ...လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာ..."
၂၁ ခါမြောက်ဖုန်းကောကိုခေါ်ဆိုလို့အပြီးမှာစိတ်ကစပြီးလေးလံထိုင်းမှိုင်းလာသည်။ဒီနေ့နဲ့ဆို သူဖုန်းမကိုင်တာ ၇ရက်၊တစ်ပတ်တိတိ...
အိမ်ပြန်ဦးမယ်ဆိုပြီးထွက်သွားတာလည်းဒီနေ့နဲ့ဆို တစ်ပတ်ပြည့်ခဲ့ပြီ...ပြန်ရောက်ရင်ဖုန်းဆက်လိုက်မယ်လို့ပြောသွားပေမယ့် ရောက်ပြီဆိုတဲ့တစ်ကြောင်းကလွဲလို့ ကျန်တာစာမလာသတင်းမကြား
မနက် နေ့လည် ည တစ်နေ့ကိုသုံးကြိမ်သုံးခါဖုန်းဆက်ပါသော်လည်း လူကြီးမင်းနဲ့ချည်းတိုးနေတာ ၇ရက်တိုင်တိုင်...အဆက်အသွယ်မပြတ်ဖူးသူမို့ အခုလိုဆက်သွယ်လို့မရတာကို စိတ်ပူစပြုလာသည်။
နေ့တိုင်းနီးပါးမက်နေတဲ့ အိပ်မက်ဆိုးတွေကိုသတိရပြန်တော့ နဂိုတည်းကဂဏာမငြိမ်ဖြစ်နေတဲ့စိတ်နဲ့တူတူ လူကပါလှုပ်လှုပ်ရွရွ...
'ဘာတြွေဖစ်နေတာလဲ ဖုန်းကိုင်ပါဦး စိတ်ပူလာပြီ'
ခေါ်မရသည့်ဖုန်းကိုဆက်မခေါ်တော့ပဲ စိတ်ပူနေကြောင်း mesပို့ကာ ဖုန်းကိုအိတ်ထဲပစ်ထည့်လိုက်သည်။
'ဟုတ်သားပဲ သူတို့ဆီမှာလိုင်းမှမမိတာ'
ရှေ့လျှောက်လိုက်နောက်လိုက်လုပ်နေရာကနေ တစ်ခါကသူပြောဖူးတဲ့သူတို့နေရာမှာဖုန်းလိုင်းတွေသိပ်မမိဘူးဆိုတဲ့စကားကိုသတိရပြန်တော့ ရင်ထဲကအပူတွေနည်းနည်းငြိမ်းသွားသလို...ဖုန်းကိုပြန်ယူကာ ခုနကပို့ထားတဲ့ဖုန်းနံပါတ်ကို mesနောက်တစ်စောင်ထက်ပို့လိုက်သည်။
'လိုင်းမိတာနဲ့ငါ့ကိုဖုန်းဆက်နော်...'
အသည်းပုံ emojiလေးကိုထည့်ရင်ကောင်းမလားမထည့်ရင်ကောင်းမလားစဉ်းစားနေပြီးမှ မထည့်ပဲဒီအတိုင်းသာပို့လိုက်သည်။ဒီအသေးအဖွဲလေးလောက်နဲ့ သူစိတ်ညစ်သွားမှာမလိုလား...
ပြောချင်တဲ့စကားတွေပြောပြီးပြီမို့ ဖုန်းကိုအိတမထဲပြန်ထည့်ကာစိတ်အေးလက်အေးနေလိုက်တော့သည်။သူစာကိုမြင်ရင် ဖုန်းပြန်ခေါ်မှာပါလေ...
*
"မှူး..."
အတန်းထဲအဝင်မှာနောက်ကလှမ်းခေါ်တဲ့အသံကြောင့် ညစ်ထိုင်းထိုင်းဖြစ်နေတဲ့စိတ်ဟာ တမဟုတ်ချင်းကြည်လင်သွားရသည်။နောက်လှည့်ကြည့်မိတော့ အသံပိုင်ရှင်ဟာ ပြုံးရွှင်စွာနဲ့ကျွန်မကိုကြည့်နေလေရဲ့...