Part4(Uni&Zaw)

528 39 0
                                    

Uni

သူ့ကား စီခေါ်လာပီး ဘယ်ကိုမှန်း မသိတဲ့ နေရာကိုမောင်းလာတယ် လူကတကယ်မူးနေတာမှမဟုတာ နည်းနည်းတော့ ဟန်ဆောင်ရမှာပေါ့

ကွန်ဒို တခုပဲ သူ့အိမ်တော့မဟုဘူး
ကားပေါ်ကဆင်းလာတယ်နောက်ခန်းတံခါးကို ဖွင့်ပီး

Off:ဟေ့....

ကျတော့်ကို နိုးနေတယ် တုပ်တုပ်မလှုပ်ပဲနေလိုက်တော့ ရုတ်တရတ်လေပေါ် ​မြောက်သွားသလိုပဲ.. နေပါအုန်း သူ့ကိုယ့်ကို ချိီသွားတာလား

ဘာမှမဖစ်သလို ပဲ နေပီးလိုက်လာလိုက်တော့
သူက အခန်းတခုထဲကို ၀င်သွားပီး ကုတင်ပေါ်ကိုတင်လိုက်တယ် ကိုယ့်ကိုတင်ပေးပီး သူကတော့ ဟိုဘက်ကို ထွက်သွားတယ် ထင် မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ ရေချိုးခန်း ဖစ်ပုံရမယ် အခန်းထဲကို လှည့်ပတ်ကြည့်လိုက်တော့ ပုံမှန် Condo တခုပင်

မျက်လုံးကလေးလာသလို ပဲ အိပ်ချင်လာတယ် ဘာမှမတွေးတော့ပဲ အိပ်ချလိုက်တယ် မနက်ကျရင်တော့
နောက်အစီအစဥ်ကို အကောင်အ
ထည်ဖော်ရမှာပေါ့

______Game______

တနေကုန် အလုပ်တွေ နဲ့ နားချိန်တောင်မရ အားလုံးပီးသွားတော့ အမြဲ တမ်းသွားနေကြနေရာလေးကို ထွက်လာခဲ့တယ် ဒီနေ့တော့ အလုပ်တွေ မပီးသေးတာ နဲ့ နောက်ကျမှ ထွက်လာမိတယ်

Barထဲကို ၀င်၀င်ချင်း မျက်စိကစား မိလိုက်တယ် မီးရောင်အောက်မှာ သောက်ပီး ကနေတဲ့ လူတွေ အရောင်တောက်တောက်တွေ နီနီရဲရဲပြောင်ပြောက်လက်လက်တွေ ​အကြည့်တွေက အပြာနုရောင် hoodie လေးနဲ့ဘောင်းဘီတိုလေး ကို၀တ်ထားတဲ့ မျက်မှန်နဲ့ ကောင်ငယ်လေး စီမှာရပ်သွားတယ် တန်းနားစီကို လျှောက်သွားလိုက်ပီး သူ့ဘေးနားမှာ ထိုင်လိုက်ပီး အရက်မှာလိုက်တယ် ၀င်ထိုင်ကတည်းက ကော့တေးတွေ တခွက်ပီးတခွက်မော့နေတယ် မကြာပါဘူး မျက်နှာလေးက နိီရဲတက်လာတယ်

ခနနေလောက်တော့ ခေါင်းလေးက ခုံပေါ် ကျလာတယ် ရုတ်တရတ်တော့ လန်သွားတယ် မသောက်နိုင်ပဲ သောက်နေတာ မနားတမ်းပဲ

ခနနေတော့ ခေါင်းလေးထောင်လာပီ ထသွားတယ်
ယိုင်တိုင်တိုင်နဲ့ လဲကျတော့ သူကိုယ်လေးကို ထူလိုက်တယ်
သူအဆင်ပြေရဲ့လားမေးတော့ ပြေပါတယ်တဲ့ မလဲကျရုံတမယ်ကိုပြေတယ်တဲ့ သူ့မှာကား ပါလားမေးပီး ကားနားထိ လိုက်ပို့မလို့ လုပ်လိုက်တယ် staffတယောက်မေးတော့ ရတယ်သာပြောလိုက်တယ် ပုံမှန်လူတယောက်ဆို လွှတ်ပေးလိုက်မိမှာ ဒါပေမဲ့ ဒီကောင်လေးကို စိတ်မချဘူးဖစ်နေတယ် ဘာ့ကြောင့်မှန်းမသိ သူကယောက်ကျားလေးတယောက်ပဲလေ ဒါပေမဲ့ ကိုယ့်အမြင်မှာတော့ မိန်းကလေးတယောက်ထပ် ပင်ပိုချစ်ဖို့ကောင်းနေသလိုပဲ

G⃠a⃠m⃠e⃠{Completed}Where stories live. Discover now