Part1(Uni&Zaw)

1.5K 59 1
                                    

Uni

Tumicalကုမ္မဏီရဲ့ CEO ရုံးခန်းတလျှောက် တိတ်ဆိတ်ကာနေတယ် ဒါပေမဲ့ ၀န်းထမ်းတွေ စုဝေးလုပ်ကိုင်ရာကတော့ အသံတွေ ဆူညံ့နေလေရဲ့

အစည်းအဝေး ခန်းမထဲမှာ ဒါရိုက်တာတွေ နဲ့အတူ စာချုပ် အကြောင်း ဆွေးနွေးနေတဲ့ CEO Off jumpol

အစည်းအဝေး ပီး သွားတဲ့နောက် ခန်းမထဲက ထွက်လာတဲ့ CEO၊ နောက်မှာတော့ စာရွက် စာတမ်းတ ချို့ ကိုကိုင်လာကြတဲ့ ၊ဒါရိုက်တာတွေ နဲ့ suit ခဲရောင်နဲ့ စမတ်ကျလွန်းတဲ့သူ၊ အသက်၂၈နှစ် သာရှိသေးတဲ့ အသက်ငယ်ဆုံး စီးပွါးရေးသမား တယောက်၊ အာ့ကြောင့်ပဲ အခုချိန်ထိ လူပျို ကြီး ဖစ်နေတာ အေးအေးလူလူနေတဲ့ ပုံစံနဲ့ ၀န်းထမ်းမလေးတွေ ကလည်း မျက်တောင်မခတ်ပဲ ကြည့်နေကြတယ်

*ဟယ် CEOက အရမ်းချောတာပဲ*

*ဟုပဟယ် အသက်ငယ်ငယ်လေးနဲ့ အရမ်းမိုက်တာပဲ*

*ဟဲ့ CEOက လူပျိုကြီးနော် *

*ဟဲဟဲ ဒါဆို ငါတို့ လည်း မျှော်လင့်ချက်ထားလို့ရသေးတာပေါ့နော်*

Mirram:အလုပ်ချိန်မှာ စကားများမနေကြနဲ့  CEO အကြောင်း မသိဘူးလား ကိုယ့်လုပ်စရာရှိတာကိုလုပ်

ဝန်းထမ်း အားလုံးရဲ့စုဝေး ခေါင်းဆောင် mirram ပြောမှပဲ တတွတ်တွတ်နဲ့ ပြောနေတာတွေ ရပ်သွားတော့တယ်

Khun'Off အကြောင်း ကုမ္မဏီ မှာမသိတဲ့သူမရှိပါဘူး အေးအေးလူလူနဲ့ စည်းကမ်း ကြီးတဲ့ သူ အလုပ်ချိန်စကားပြော တာကို မ ကြိုက်ဘူး

Off အခန်းထဲ၀င်သွားမှပဲ အားလုံး သူ့နေရာသူထိုင် ကာ အလုပ်လုပ်နေကြတယ်

ဒေါက် ...ဒေါက်...

Off:၀င်ခဲ့

Dim:CEO..ညနေ စာချုပ်အတွက် သူဌေး ကြီးက အိမ်ကိုဖိတ်ထားပါတယ်

Off:ပြင်ထားလိုက်..

Dim:ဟုတ်ကဲ့...

Dim ထွက်သွားမှ နာရီကြည့်မိတော့ အချိန်မနည်းတော့တာနော် Liftဘက်ကို ထွက်လာခဲ့ပီး မြေညီထပ်ကို ဆင်းလာခဲ့တယ်

မြေညီထပ်မှာ အသင့်ရပ်ထားတဲ့ကားပေါ်တက်ပီး လိုအပ်တဲ့စာမူ တချို့ကို သေချာယူလိုက်တယ်

G⃠a⃠m⃠e⃠{Completed}Where stories live. Discover now