🐱 Chapter-22💥(U. Z)

1.2K 82 0
                                    

ပိတ်ရက်ရောက်တော့ သင်းရနံ့အိမ်ကို နန်းမေလာမယ် ဆိုတော့ သင်းရနံ့တစ်ယောက် အိပ်ရာစောစောထကာ နန်းမေလာရင် စားဖို့နဲ့ စာလုပ်ဖို့နေရာစဉ်းစားရင်း မီးဖိုဆောင်ကိုဝင်ချိန်မှာ maid တစ်ယောက်က တားလိုက်သည်

"မမလေး သခင်လေးက ယူသုံးနေလို့ မနှောက်ယှက်ဖို့ မှာထားပါတယ်"

'ဘာ! သူကဘာလို့ငါထပ် အရင်ဦးနေရတာလဲ'စိတ်ထဲမှာတော့ ဒေါသနဲ့ပြောပြီးအပြင်မှာ ဘာမဖြစ်လို့နေလိုက်တယ်

"ကောင်းပြီး" maid ကိုပြောပြီး မီးဖိုဆောင်သို့ဝင်သွားသည်

သင်းရနံ့က နှစ်ယောက်စာ မနက်စာကိုပြင်နေသည့် စိုင်းခန့်ကိုတွေ့ရော် စူးစိုက်စွာကြည့်နေသည်

စိုင်းခန့်တစ်ယောက် သူကိုတစ်ယောက်ကြည့်နေတာခံစားလို့ မော့ကြည့်တော့

"မင်းကို maid ကဘာမှ မပြောသွားဘူးလား"

"ပြောပါတယ်"ဂရုမစိုက်တဲ့နဲ့ပြောကာ"ပြင်လို့ပြီးပြီမဟုတ်လား"

စိုင်းခန့်က ပန်းကန်ပြားနှစ်ခုကိုသယ် ရင်း သင်းရနံ့ရှေ့မှာရပ်ကာ

"မင်းကိုပြောထားဦးမယ် ငါတစ်စုံတစ်ခုကိုလုပ်နေချိန် ဝင်မနှောက်ယှက်နဲ့ ငါမကြိုက်ဘူး" ခြိမ်းခြောက်သည့် အကြည့်နဲ့ပြောကာ သင်းရနံ့ဘေးမှဖြတ်၍ ထွက်သွားသည်

သင်းရနံ့လည်း ပြီးသွားတဲ့အချိန်ကိုမေ့ထားပြီး နန်းမေစားဖို့ မနက်စာကို ကိုယ်တိုင်ပြင်နေလိုက်သည်

A few minutes later

တင်း...တောင် တင်း...တောင်

Maid တစ်ယောက်က တံခါးဖွင့်သွားချိန်မှာ သင်းရနံ့က လက်ဟန်ပြကာ ကိုယ်တိုင်သွား ဖွင့်မယ်ဆိုပြီး တားလိုက်သည်

ပန်းကလေးလို နူးညံပြီးပြုံးကာ မျက်လုံးလေးက မျှော်လင့်ဟန်နဲ့တံခါးဖွင့်ကာ ချက်ချင်း နူးညံတဲ့အပြုံးက အေးခဲသွားပြီး မျက်လုံးက ရန်သူတစ်ယောက်လို့အကြည့်နဲ့ဖြစ်သွားသည်

"ဟက် ရှားရှားပါးပါး တံခါးလေးကိုကိုယ်တိုင်လာဖွင့် လိုဘာလား"အိမ်ထဲဝင်ကာဆိုဖာမှာထိုင်လိုက်သည်

Fujoshiမားမား&Ukeယောင်ဆောင်သော်Straightကြီး(Fujoshiမားမား&Ukeဟန်ဆောင်သောStraightWhere stories live. Discover now