🐑Chapter-10🦁(U,Z)

1.3K 106 2
                                    

နန်းမေတို့အိမ်‌ရောက် တော့ဆရာဆူကအရင်အိမ်ထဲဝင်နှင့်ပြီးနန်းမေကစက်ဘီးကိုဂိုထောင်မှာသွားထားနေသည်
နန်းမေအိမ်ထဲ ဝင်ပြီးထမင်းစားခန်းဖက်ရောက်တော့

“လေးလေး အလုပ်ကနေအစောကြီးရောက်လာတယ်”

တစ်ဖက်မှာတော့ထမင်းဟင်းတွေပြင်နေရင်းနဲ့ပြောနေတယ်

“အေးဟုတ်တယ်နန်းမေရယ် ဒီနေ့ချိန်းထားတဲ့ Customerကမအားလို့တဲ့မနက်ဖြန်ချိန်းလိုက်တယ် အလုပ်မရှိတော့အိမ်ကို အစောကြီးပြန်လာတာ နန်းမေခြေလက်ဆေး အဝတ်အစားလဲပြီးရင်ထမင်းလို့ရပြီး”

“ဟုတ်ကဲ့ လေးလေး”

နန်းမေထမင်းစားပွဲခုံဆီရောက်တော့

“ဝါး Omurice recipe တော့ omm စားကောင်းလိုက်တာ”

“ဒီနေ့ရိုးရိုးလေး ဘဲလုပ်ထားတယ်ဘယ်လိုလဲစားကောင်းတယ်မဟုတ်”

ဆရာဆူက“အင်း..စားကောင်းတယ် sorry ကွာမင်းသိုက် ငါဒီနေ့အိမ်ပြန်နောက်ကျ‌နေလို့”

“ရပါတယ် အကိုဆူးမင်းရာ အကိုကညပိုင်းအိမ်တာဝန်ယူရထားတာလေ တစ်ခါ‌တစ်လေတော့ နောက်ကျမှာပေါ့ကျွန်တော်အလုပ်ရှိတဲ့နေ့ဆိုရင် မိုးလင်းခါနီးမှအိမ်ကို ရောက်လာတယ်လေ  အကိုကမနက်စားတောင် ။ချက်ပေးသေးတယ်လေ”

“အေးပါကွာ..မင်းသိုက်ရာ”

(စောနကစာကြောင်းက ဆူးမင်းကမနက်ဆိုရင် ကျောင်းသွားရလို့မင်းသိုက်ခိုက်ကမနက်ပိုင်းမှာ အိမ်မှုကိစ္စတွေကိုတာဝန်ယူရတယ်လေ မင်းသိုက်ခိုက်ရဲ့အလုပ်က Celebritiesတွေပွဲတက်နေ့ဆိုရင်အလုပ်များ‌တယ် အဲ့တော့ဆူမင်းကညပိုင်းအိမ်ကိုတာဝန်ယူရတယ်)

မင်းသိုက်က“နန်းမေဒီနေ့ကျောင်းတက်ရတာ ဘယ်လိုလဲအဆင်‌ပြေလား”

“အင်း..အဆင်ပြေတယ် ပြီးတော့သင်းလေးနဲ့လည်းအခန်းတူတယ်။သင်းလေးက လေးလေးရဲ့ လက်ရာကိုချီးကျုးလိုက်သေးတယ်”နန်းမေးကထမင်းစားရင်းပြောလိုက်တယ်

“ဟုတ်လားအဲတာဆိုရင်သင်းလေးအတွက် အပိုထည့်ပေးရဦးမယ်”မင်းသိုက်ကပြုံးပြုံးလေးနဲ့ပြောလိုက်တယ်

Fujoshiမားမား&Ukeယောင်ဆောင်သော်Straightကြီး(Fujoshiမားမား&Ukeဟန်ဆောင်သောStraightWhere stories live. Discover now