The girl from nowhere

1.2K 131 17
                                    

Unicode ver
.
.
.
.

Busan မြိုရဲ့ ပင်လယ်ကမ်းစပ်တစ်နေရာရာ....

ကမ်းစပ်ကိုထိလာတဲ့ရေလှိုင်းဖွေးဖွေးတွေရဲ့အသံကိုသာ
ခပ်တိုးတိုးကြားနေရသည်။

သောင်ပြင်ပေါ်မှာ ကိုယ်တစ်ယောက်တည်း
အထီးကျန်စွာထိုင်နေရင်း

ရေလှိုင်းတွေကိုကြည့်လိုက်
မိုးကုပ်စက်ဝိုင်းနဲ့ထိကပ်နေတဲ့ ပင်လယ်ပြင်ကျယ်ကြီးကိုကြည့်လိုက်....အရာရာဟာငြီးငွေ့ဖွယ်ရာ....

တစ်ခါသုံးခွက်လေးထဲ ဆိုဂျူတစ်ငုံစာထည့်ပြီး
ယူသောက်လိုက်သည်။

ခါးသက်ပြီး ပူလောင်သွားတဲ့ခံစားမှုနဲ့
ရင်ထဲကပူလောင်မှုတို့ ဆုံစည်းသွားတဲ့အခါ

မျက်ရည်တစ်ပေါက်အဖြစ် အသွင်ကူးသွားပြီး
ပါးပြင်ပေါ်သို့လှိမ့်ခနဲ ခုန်ဆင်းလာတော့သည်။

"ဒီအတိုင်း သေလိုက်ရမလား "

အကြိမ်ကြိမ်မေးကြည့်ပေမဲ့ ဘာအဖြေမှထွက်မလာခဲ့

တစ်ကယ်က ကိုယ် မသေရဲသေးပါဘူးလေ....

"အဆင်မပြေမှု အလုပ်ပြုတ်မှု...ဘာမှလုပ်စရာမရှိတဲ့
လူပိုတစ်ယောက်လားငါက...
ဘာလို့ငါ့ကျမှ ဒီလိုတွေလာခံစားနေရတာလဲ...."

တစ်ငုံစာသာကျန်နေသေးတဲ့ ပုလင်းလေးထဲကဆိုဂျူတွေကို
တစ်ခါသုံးခွက်လေးထဲ အကုန်ထဲ့လိုက်ပြီး
တစ်ခါတည်းမော့သောက်ပစ်လိုက်သည်။

ထို့နောက် ပိုက်ဆံအိတ်လေးကိုထုတ်ကြည့်လိုက်သည်။

လက်ကျန်အကြွေငွေသားတစ်ချို့ရယ်

"နေ့တိုင်းခေါက်ဆွဲဘူးပဲစားနိုင်ရင်တော့....
တစ်လစာလောက်တော့လောက်မှာပါလေ...."

Bank card လေးရယ်

ph လေးကိုထုတ်ပြီး Bank ထဲမှာကျန်နေသေးတဲ့
ငွေသားတွေကို စစ်ဆေးကြည့်လိုက်သည်။

"ဒီငွေလေးနဲ့....ငါ....!!"

Hooooo...သက်ပြင်းရှည်ကိုချလိုက်ပြီး
ပင်လယ်ပြင်ကိုသာ ငေးကြည့်နေလိုက်သည်။

ဟိုငေး သည်ငေးလုပ်ရင်း....

ခပ်ဝေးဝေးမှာ ကောင်မလေးတစ်ယောက်
ဖြူလွှလွှ ဂါဝန်လေးတွေက လေထဲမှာလွှင့်နေလေ၏။

JenSoo (One shot collection )Where stories live. Discover now