Ch_5

357 36 0
                                    

Zawgyi

      ထို့ကြောင့်ဝေးခဲ့ရသည် Ch_5

.
.
.
.
.
ရိပေါ် Companyသို့ရောက်တာနဲ့သီးသန့်ဓါတ်လှေကားထဲဝင်လိုက်ပြီး ရိပေါ်ရုံခန်းရှိရာ27လွှာသို့နှိပ်လိုက်သည်။
ဟိုကလေးရောက်နေပြီးလားမသိဘူး၊မနေ့ကတော့ရိပေါ်ရဲ့အတွင်းရေးမှူးဖြစ်တဲ့ရှောင်ပိုင်ကိုတော့‌ ရှောင်းကျန့်အလုပ်လာဆင်းမဲ့အကြောင်းကိုပြောပြထားပြီး ထိုကလေးအတွက်နေရာကိုပါစီစဉ်ခိုင်းထားသည်။

ရိပေါ် သူ့ရုံးခန်းထဲဝင်တော့အထဲမှာဘယ်သူမှရှိမနေပါ။ဒါဆို မရောက်သေးဘူးပေါ့။
ရိပေါ် ဝင်လာပြီးခဏအကြာအတွင်းရေးမှူးရှောင်ပိုင်ကcoffeeခွက်လေးကိုင်ပြီးဝင်လာခဲ့သည်။ကော်ဖီခွက်ကိုရိပေါ်စားပွဲပေါ်မှာတင်ထားလိုက်တယ်။ဟိုကလေးကိုမတွေ့သောကြောင့်ရိပေါ် ရှောင်ပိုင်ကိုမေးလိုက်သည်။

"ရှောင်ပိုင်  ရှောင်သူဌေးရဲ့သား‌မလာသေးဘူးလား"

"မလာသေးပါဘူးဘောစ့်"

"သူလာရင်သူ့အတွက်လုပ်ပေးထားတဲ့နေရာကိုလိုက်ပြလိုက်‌နော်"

"ဟုတ်ကဲ့ပါ ဘော့စ်"

ရှောင်ကျန့်မလာသေးဘူဆိုတာကြောင့်ရိပေါ်လည်းစရင်းတွေကိုပြန်စစ်နေလိုက်သည်။
ရိပေါ် ဒီနေ့အလုပ်လာတာ‌စော‌သေးတယ်။
ရှောင်းကျန့်လာရင်ရိ‌ပေါ် ကိုမတွေ့တဲ့အခါကျရင်ကြောင်တောင်တောင်ဖြစ်နေမှာဆိုလို့
အစောကြီးလာချင်ဖြစ်သည်။

"အဟမ့်  ကျွန်တော်ရောက်ပါပြီး"

အလုပ်ကိုအာရုံစိုက်ပြီးလုပ်နေစဉ်ချောင်းဟန့်သံနဲ့အတူရောက်လာကြောင်းပြောသောအသံကြောင့် ရိပေါ် ရှေ့ကလူကိုမော့ကြည့်လိုက်သည်။

"အော် လာပြီလား မင်းအတွက်နေရာကိုရှောင်ပိုင်ကလိုက်ပြပေးလိပ့်မယ် အခုတော့ငါနဲ့အတူဒီစာရင်းတွေဝိုင်းစစ်ပေး"

"Ok"

မျက်စိတစ်ဖတ်မှိတ်ပြ၍Sofaပေါ်ဝင်ထိုင်လိုက်တဲ့ရှောင်ကျန့်၊ရှောက်ကျန့်ရဲ့အပြုအမှုကြောင့် ကြောင်ကြည့်နေမိတဲ့ရိပေါ်၊ ရိပေါ်ခေါင်းလေးခါလိုက်ပြီးရှောင်ကျန့်နဲ့မျက်နှာချင်ဆိုင်ခုံမှာဝင်ထိုင်လိုက်တယ်။
ရှောင်ကျန့်ကိုရိ‌ပေါ်အလုပ်အကြောင်းသင်ပြပေးသည်။‌

ထို့ကြောင့်ဝေးခဲ့ရသည်🦋Where stories live. Discover now