Zawgyi
ထို့ကြောင့်ဝေးခဲ့ရသည် Ch_6
ရက်တစ်ပတ်ကြားပြီးတဲ့အခါမှာတော့ရှောင်ကျန့်ဟာအရင်လိုမဆိုးပဲရိပေါ်စကားကိုနားထောင်လာတယ်။အတန်းချိန်လည်းမှန်မှန်တတ်ပြီးစားတွေကိုသေချာလိုက်လုပ်လာသည်။လုပ်ငန်းအကြောင်းကိုလည်းကြိုးစားသင်ယူလာခဲ့တာကြောင့် ရိပေါ်ပျော်ရွှင်မိသည်။ရိပေါ်သိသ လောက်တော့ရှောင်ကျန့်ကကြားထာတဲ့သတင်းတွေလိုတကယ်တမ်းတော့ဆိုးမနေခဲ့ပါ။
ဒါကိုဘာလို့များလူတွေကရှောင်ကျန့်ကိုလူဆိုးလို့ထင်မြင်နေကြတာလည်းမသိဘူး။
အာယွမ်လည်းအပါအဝင်ပေါ့။ပြီးခဲ့တဲ့လတွေမှာအာယွမ်ကရှောင်ကျန့်အပေါ်လုပ်ခဲ့တဲ့အရာတွေမှာအာယွမ်ကရှောင်ကျန့်အပေါ်လုပ်ခဲ့တဲ့အရာတွေကတော်တော်မှားတယ်။အစကရိပေါ်မသိပင်မဲ့၊နောက်တော့အိမ်စေတွေရဲ့ပြောပြချက်နဲ့အတူကိုယ်တိုင်လည်းမျက်မြင်ကိုယ်တွေ့ကြုံခဲ့ရတယ်။တကယ်ဆိုအာယွမ်ကလိမ်မာတဲ့ကလေးပါ။ဘာကြောင့်ဒီလိုဖြစ်သွားတာလဲတော့ရိပေါ်မသိတော့ဘူး။ရိပေါ်တစ်ယောက်ကုတင်ပေါ်မှာထိုင်ရင်း
လွန်ခဲ့တဲ့ရက်တွေမှာအာယွမ်ရှောင်ကျန့်အပေါ်လုပ်ခဲ့တာတွေပြန်တွေးနေမိသည်။လွန်ခဲ့တဲ့တစ်လ
ရှောင်ကျန့်ကိုအာယွမ်ပြောလိုက်သည့်ညကရှောင်ကျန့်တစ်ယောက်ဘားမှာပေါက်ကွဲနေသည်။သူ့စိတ်နဲ့ဆိုသူကိုအဲ့လိုပြောဖို့မပြောနဲ့မျက်လုံးလှန်ကြည့်ရင်တောင်စောက်ခွက်စုတ်သွားအောင်ထိုးလိုက်ပြီး။
အခုဟာကဝမ်ရိပေါ်ရဲ့သားမလို့။သည်းခံတယ်ဆိုတာရှောင်ကျန့်ဘဝမှာဘယ်တုန်းကမှမရှိခဲ့ပင်မဲ့။အခုကစိတ်ကိုအတော်လေလျော့ထားရသည်။တစ်ခြားအကြောင်းတော့မဟုတ်ပါဘူး ငါးကြီးကြီးလိုချင်ရင်ငါးစားအကြီးကြီးချကြွေးရမယ်လေ။အခုရှောင်ကျန့်တွေးနေတာက ဒီနေ့ပြောခဲ့တာကိုဝမ်ယွမ်တစ်ယောက်သေချာတာဝန်ယူရမယ်။ရှောင်ကျန့်ကဝမ်ယွမ်တန်းဖိုးထားတဲ့အရာတွေကိုသူ့ဘဝထဲကနေတဖြည်းဖြည်းချင်လုယူသွားမယ်။
ဒါကရှောင်ကျန့်ကိုပြောခဲ့တာတွေအတွက်ရော်ကြေးပဲ။