Unicode Version
📲📲📲
"ပြော...."
"......."
"ဘာ! အဖေက သူ့သားအရွယ်လောက်တာ ရှိတဲ့လူကို အိမ်ပေါ်ခေါ်တင်လာတယ်!""........"
"ကောင်းပြီ ! ငါ့ကို ဒီညထွက်မဲ့ လေယာဉ်နဲ့ ရအောင် စီစဉ်ပေး....ငါပြန်လာခဲ့မယ်"
"....."
မော့ချီချန်းတစ်ယောက် သူ့အဖေရဲ့ လုပ်ရပ်ကို နားပင်မလည်နိုင်တော့ချေ။ သူ့အမေဟာ သူ့အသက် 8နှစ်အရွယ်ကတည်းက ဆုံးသွားခဲ့ပြီး အဖေတစ်ဦးကသာ သူ့ကိုဒီအရွယ်ထိ တစ်ဦးတည်းသာ ပြုစုပျိုးထောင်ခဲ့သည်။ နောက်အိမ်ထောင်လဲမပြုခဲ့သလို ဘယ်သူ့ကိုမှလဲ စိတ်ဝင်းစားမှု မရှိခဲ့ဖူးချေ။ ဒီလိုကိစ္စတွေ စိတ်မဝင်ပဲ အလုပ်ကိုသာ စိတ်နှစ်ပြီး နှစ်၂၀၊ ၃၀ လောက် ကြိုးစားခဲ့လို့လဲ ဒီခုအချိန်မှာ သူ့အဖေဟာ တရုတ်နိုင်ငံရဲ့ ပထမအချမ်းသာဆုံးစီးပွားရေးသမားအဖြစ် ရပ်တည်နိုင်ခဲ့လေသည်။
အဲ့လို အလုပ်ကိုပဲစိတ်စားတဲ့သူက ဘာတွေးနေလို့ သူ့သားအရွယ်လောက်ရှိတဲ့သူကိုမှ ဘာကြောင့် အိမ်ခေါ်လာရမှန်းပင်မသိ။
သူ့အဖေ နောက်အိမ်ထောင်ပြုမယ်ဆိုလျှင်တောင် သူကန့်ကွက်မည်မဟုတ်ချေ။ မေ့ာလျန်ဖန်းဟာ နောက်အိမ်ထောင်မပြုပဲ သူ့ကို ပြုစုစောင့်ရှောင့်ခဲ့သည်မှာ လည်း ဆယ်စုနှစ်တစ်ခုပင်ကျော်ခဲ့ပြီဖြစ်သည်။ သူသဘောမတူနိုင်စရာအကြောင်းတော့မရှိ။ သို့ပေမဲ့ မော့လျန်ဖန်း ဒီလိုဘာကြောင့်လုပ်ရတာလဲဆိုတဲ့ အဖြေကိုတော့ သူသိချင်သည်။ ဒါကြောင့် သူအိမ်ပြန်ဖို့ ဆုံးဖြတ်လိုက်လေသည်။
မော့အိမ်တော်တွင်
"အိမ်တော်ထိန်း ....ဒီနေ့ကစပြီး ဒီကောင်လေးက ဒီမှာလာနေလိမ့်မယ်....""ဟုတ်ကဲ့ပါ သခင်ကြီး... ကျွန်မ အစေခံတွေကို အခန်းသန့်ရှင်းရေး လုပ်ခိုင်းလိုက်ပါမယ်"
"မလိုဘူး... သူ့ပစ္စည်းတွေ ကျွန်တော့်အခန်းထဲပဲထည့်လိုက်"
မော့ဥက္ကဋ္ဌ ဒီလိုပြောလာမယ်မထင်ထားရျ် အိမ်တော်ထိန်း မျက်စိပြူးကာ အံ့ဩသွားရတော့သည်။
အိမ်တော်ထိန်းရဲ့ အပြုအမူကို မော့လျန်ဖန်းသိရျ် အားလုံးသိအောင် တစ်ခါတည်း အတိအလင်းကြေညာလိုက်သည်။