Unicode Version
နေရောင်များဟာ ဖြူဖြူဖွေးဖွေးခန်းစီးစီသို့မှ တစ်ဆင့် အခန်းထဲဖြာကျလို့လာချိန် မော့လျန်ဖန်း နိုးထလို့လာသည်။ သူ့ကိုနောက်ကျောပေးကာ သူ့ရင်ခွင်ထဲအိပ်နေသည့် ကလေးငယ်။ ချိုင်းအောက်ထိသာ စောင်ကိုခြုံထားတာကြောင့် ရင်ဘက်အပေါ်ပိုင်းမှာ သူ့ပေးထားသည့် အမှတ်အသားများဟာ လှချင်တိုင်းလှနေတော့သည်။
မောပန်းစွာ အိပ်မောကျနေသည့် ကလေးငယ်ကို ခေါင်းအုံးပေါ် ညှင်သာစွာချပေးပြီး ရေချိုးခန်းထဲဝင်ကာကိုယ်လက်သန့်စင်ပြီး အလုပ်သွားရန် ပြင်ဆင်လိုက်သည်။
အဝတ်အစားလှဲပြီးသည်နှင့် အိမ်အောက်ထက်ဆင်းလာကာ ထမင်းစားပွဲဝိုင်းစီသို့ဝင်ထိုင်လိုက်သည်။
"ချီရှန့်အာကို တစ်ယောက်မှသွားမနှောက်ယှက်စေနဲ့ မနေ့ညက သူအရမ်းပင်ပန်းထားတာ"
ပြောသူမရှက် ကြားသူရှက်ဆိုသည့်စကားအတိုင်း မော့လျန်ဖန်း အေးဆေးစွာပြောလာပေမဲ့ အိမ်တော်ထိန်းနှင့်အိမ်စေမလေးတို့မှာ နားထောင်ပြီး ရှက်သွေးဖြာလို့ နေကြတော့သည်။
"ဟုတ်ကဲ့ပါ... သခင်ကြီး"
"သူနိုးလာရင် အခန်းထဲစားစရာတွေပို့ပေးလိုက် အောက်မဆင်းစားခိုင်းနဲ့"
"ဟုတ်ကဲ့ပါ သခင်ကြီး "
မောလျန်ဖန်း စားစရာရှိတာစား မှာစရာရှိတာမှာပြီးနောက် မော့ကော်ပိုရေးရှင်းသို့ ထွက်လာလိုက်သည်။
နေ့လည်လောက်မှ ရှန့်အာနိုးထလို့လာသည်။ မနေ့ညက အင်အားတွေအားလုံးကုန်ဆုံးသွားသည်ကြောင့် ထထချင်း ဗိုက်ဆာလို့နေသည်။ အားယူပြီး မျက်နှာသစ်ရန် ရေချိုးခန်းထဲ သွားရသည်။ ရေချိုးခန်းထဲက ကြည်လင်နေသော ကြည့်မှန်ပေါ် ပေါ်လာသည့် သူ့ခန္ဓကိုယ်ဟာ မောလျန်ဖန်း ပေးထားသော အမှတ်အသားများနှင့် ပြည့်နှက်နေတာကြောင့် မနေ့ညက ဖြစ်ပျက်ခဲ့သည့် အကြောင်းများကိုလည်း ပြန်တွေးနေမိတော့သည်။
တကယ်လည်း သူပထမဆုံး အကြိမ်မှာ မော့လျန်ဖန်း၏အပြုအစုကြောင့် စိတ်ကျေနပ်မှုရရုံမကပဲ လွန်ကဲစွာ အလွန့်အလွန်ကို ရခဲ့သည်ဆိုရမည်။ မော့လျန်ဖန်း၏ အပြုအစုမှုတိုင်းက သူ့အပေါ်အရမ်းထိရောက်နေခဲ့သည်ကြောင့် မိုးလင်းပေါက်ထိ သူ့အလိုဆန္ဒကို သူနှင့်အတူ စိတ်တိုင်းကျ ဆက်ဆံခဲ့တာဖြစ်သည်။