နောက်တစ်နေ့မနက်ခင်းတွင် မော့လျန်ဖန်းရင်ခွင်ထဲမှ ရှန့်အာ နိုးထလာသည်။ သူထရန် လုပ်ချင်ပေမဲ့ မော့လျန်ဖန်းနိုးသွားမည်စိုးတာကြောင့် ငြိမ်ငြိမ်လေးသာ နေလိုက်တော့သည်။
ရှန့်အာ မော့လျန်ဖန်း၏ မျက်နှာကို စိုက်ကြည့်နေမိသည်။
ထူထဲသည့်မျက်ခုံး၊နှာတံမြင့်မြင်နှင့်ထင်းနေသောမေးရိုးများဟာ ထိုလူတွင် ခန့်ညားတင့်တယ်စွာ တည်ရှိလို့နေ၏။ ဒီလိုအနီးကပ်ကြည့်လိုက်မှပဲ ပိုလို့ပင် ထိုသူရဲ့ ခန့်ညားမှုကို ထင်သာစွာ မြင်နေရသည်။ချောမောခန့်ညားလွန်းသည့် ထိုသူ၏မျက်နှာကို ရှန့်အာ တို့ထိကြည့်မိသည်။ ထို့နှောက်တွင် ရှန့်အာလက်ချောင်းလေးများဟာ မော့လျန်ဖန်း၏နှုတ်ခမ်းပေါ်သို့ ဆင်းသက်လာပြီး တို့ထိကြည့်လေသည်။
*ဒီနှုတ်ခမ်းက ငါ့ကိုနမ်းတဲ့နှုတ်ခမ်းတဲ့လား .... ဒါက ဘာလို့ဒီလောက်တောင် စွဲမက်စရာကောင်းရတာလဲ*
မော့လျန်ဖန်း ရှန့်အာမနိုးခင်ကတည်းက နိုးနေခဲ့သည်။ သူ့ရင်ခွင်ထဲကနေ လှုပ်စိလှုပ်စိနှင့် နိုးလာတာမြင်တော့ ကလေးငယ် ဘာလုပ်မလဲဆိုတာ သိချင်ရျ် ဟန်ဆောင်ကာ ပြန်အိပ်နေလိုက်သည်။ သူနိုးသွားမှာဆိုးရျ် သူ့ရင်ခွင်ထဲမှာ ညိမ်ညိမ်လေးနေကာ သူ့မျက်နှာနှင့်သူ့နှုတ်ခမ်းကို မရဲတရဲတို့ထိကြည့်နေသည့် ကလေးငယ်ဟာ အလွန်အူယားစရာကောင်းတာကြောင့် ထလာပြီး ကလေးငယ်ပေါ်သို့အုပ်မိုးလိုက်လေသည်။
ရုတ်တရက် မျက်စိဖွင့်လာပြီး သူ့ကိုအုပ်မိုးလာသည့် မော့လျန်ဖန်းကြောင့် ရှန့်အာ အံ့ဩသွားရသည်။
"ဒယ်...ဒယ်ဒီ... ဘယ်ချိန်ကတည်းကနိုးနေတာလဲ"
"ဘာလဲ .... ကိုယ်က အဲ့လောက်တောင်ကြည့်ကောင်းတာလား"
"......"
ရှန့်အာတစ်ယောက် သူခိုးလူမိသွားသလို သူ ခိုးကြည့်နေတာ မော့လျန်ဖန်းသိသွားရျ် မျက်နှာလေးနီရဲလာကာ တဖက်သို့လွဲလိုက်တော့သည်။
မော့လျန်ဖန်း ရှန့်အာ၏ ပါးလေးကို နူးညံ့စွာနမ်းလိုက်သည်။ ထို့နောက် ရှန့်အာ၏မေးစေ့ကို ကိုင်ပြီး သူ့စီပြန်လှည့်လာစေပီး နှုတ်ခမ်းသားလေးကိုလည်း အပေါ်တလှည့် အောက်တလှည့် စုပ်ယူလိုက်သေးသည်။