မေ့မျောနေတဲ့.ကောင်လေးရဲ့အတွေးတွေက.၅နှစ်ခန့်ကအတိတ်တွေထဲမှာပေါ့..
မိုးသဲကြီးမဲကြီးရွာနေတဲ့အချိန်...ရင်ထဲကဒဏ်ရာတွေကြောင့်..ဘဝကိုမှောင်မိုက်လွန်းတဲ့လမ်းမကြီးထက်မှာ..အဆုံးသတ်ပစ်ဖို့အတွေးလေးတစ်ခုနဲ့ဖြစ်ချင်ရာဖြစ်ဆိုပြီး..အိမ်တော်ကြီးကနေထွက်ပြေးလာခဲ့တယ်...
အိမ်ကစမထွက်ခင်ကတည်းက.မှောင်မိုက်နေတဲ့ကောင်းကင်ကြီးအောက်..ပြင်းထန်နေတဲ့လေပြင်းတွေကြား..သက်ရှိအားလုံးခဏတာရုတ်ရုတ်သဲသဲဖြစ်သွားကြတယ်...အတန်ကြာတဲ့ထိ.အိပ်ခန်းကနေအပြင်ကို.လှမ်းကြည့်ပြီးတဲ့နောက်...သက်ရှိတွေရဲ့လှုပ်ရှားမှုက.ရပ်တန့်သွားခဲ့တယ်..တလောကလုံးမိုးသံ.လေသံကလွဲပြီး.ဘာဆိုဘာမှမကြားရလောက်အောင်..အငြိုးကြီးကြီးနဲ့ရွာချနေတဲ့.မိုးရေစက်တွေကလည်း.လေပြင်းအဝှေ့.ပြတင်းပေါက်ကနေတဆင့်.ဝင်လာပြီး.အသားကိုထိရိုက်မိတာနဲ့.စပ်ဖျင်းဖျင်းဖြစ်ရသေးတယ်....
အပြင်လောက.ကြီးရဲ့ထိရိုက်မှုတွေနဲ့အတူ..ရင်ထဲကဝေဒနာတချို့ကို..ဆေးကြောပေးဖို့.အနောက်ပေါက်ကနေ.ထွက်လာခဲ့တယ်...ထွက်လာမိမှနောင်တရသလိုပင်..လောကကြီးထဲရောက်ရှိလာတဲ့မှားယွင်းမှုတစ်ခုကြောင့်...ခန္ဓာကိုယ်ပေါ်ကမရေမတွက်နိုင်တဲ့..ဒဏ်ရာတွေကမိုးရေစက်တွေနဲ့ထိတွေ့တဲ့အချိန်မှာ..ပိုပြီး.နာကျင်ရပြန်တယ်....
"အား....မုန်းတယ်....ငါ့ကိုငါမုန်းတယ်...ရှောင်းရှောင်ကျန့်ဆိုပြီး..ရှောင်းမျိူးရိုးတပ်ခွင့်မရှိတာကိုမုန်းတယ်...လူသားတစ်ယောက်ဖြစ်ပြီး.မျိူးရိုးရှိခွင့်မရခဲ့တာကိုမုန်းတယ်.အား..ရှောင်ကျန့်ဆိုတဲ့လူကိုမုန်းတယ်..."
{Fic.သဘောအရ....အသုံးပြုရခြင်းပါ....ဒါဒါလေးတွေနားလည်ပေးနိုင်မယ်လို့မျှော်လင့်ပါတယ်....Characterနေရာလေးကိုပုံဖော်ကြည့်လို့ရလား ..}
မှောင်မှိက်နေတဲ့.ကောင်းကင်ကြီးအောက်..အမှောင်လမ်းကြားတွေကို.လျောက်ရင်း..မျက်နှာကိုမော့ကာမိုးရည်စက်တွေနဲ့တိုက်ရိုက်ထိတွေ့ပြီး..နာကျင်စွာအော်ဟစ်ရင်း..ပါးပြင်ပေါ်ကျလာတဲ့ပူနွေးနွေးအရည်တွေက..အေးစက်စက်နိုင်တဲ့မိုးရည်စက်တွေကို..ရောနှောခွင့်မပြုသလိုပင်...
YOU ARE READING
I WANT YOU (Yizhan)
Fanfikce(Warning ပေးပါတယ်...🔞🔞⚠⚠) အသက်မပြည့်သေးတဲ့သူတွေ Sex မကြိုက်တဲ့သူတွေ ရှောင်နိုင်ပါတယ်..... ငယ်လေး ကို့ဘဝမှာဘယ်လောက်ပဲ နိမ့်ချခံခဲ့ရပါစေ ကိုချစ်တဲ့ မင်းကိုတော့ ဘာမှမဖြစ်အောင်ကာကွယ်ပေးချင်တယ်.... ရှောင်ကျန့်..... ကိုကို ကျွန်တော့်ရဲ့အမုန်းတရားတွေနဲ့...