မနက်စာစားပြီးတော့ Kyungsoo ပန်းကန်ဆေးရန်ပြင်လိုက်သည်
Junmyeon ကတော့ ထမင်းစားပွဲတွင်ထိုင်ရင်း Kyungsoo ရဲ့ နောက်ကျောလေးကို ငေးကြည့်နေမိသည်
"အခုလိုဆိုတော့ ကိုယ့်ရဲ့ အိမ်ရှင်မလေး ကျနေတာပဲ" Junmyeon Kyungsoo နားကို လမ်းလျှောက်သွားရင်း ပြောလိုက်သည်
အနားရောက်တော့ Kyungsoo ၏ ခါးလေးကို ဖက်ပြီး ပုခုံးလေးပေါ် မေးတင်ကာ "I love you"လို့ နားနား တိုးတိုးလေးကပ်ပြီး ပြောတော့...
"Hyung!!" ရုတ်တရက်မို့ Kyungsoo ကြောင်ပြီး နောက်လှည့်ကြည့်လိုက်သည်
Junmyeon က နီးကပ်လာသော Kyungsoo ၏ မျက်နှာလေးကို အသာတကြည်ထွက်သွားခွင့်မပေးဘဲ Kyungsoo ၏ အသည်းပုံနှုတ်ခမ်းလေးပေါ် အနမ်းမိုးများရွာချပေးလိုက်သည်
Kyungsoo လည်း ရုတ်တရက်မို့ ပြူးနေသောမျက်လုံးလေးများ ပိုပြူးသွားကာ ပါးနှစ်ဖက်လုံး ရဲတွတ်နေသည်
"Can you be my baby??" အတန်ကြာမှ Junmyeon ထံမှ ထွက်လာသောစကား.....
Kyungsoo ဘာပြန်ပြောရမှန်းမသိ
Junmyeon ကို သူ သဘောကျသော်လည်း Junmyeon ဘက်မှ အခုလို မြန်မြန်ဖွင့်ပြောမယ်လို့ သူမထင်မိ...
"Aishh လန့်လိုက်တာ" Kyungsoo နှုတ်ခမ်းလေးစူပြီး ပြောလိုက်သည်
Junmyeon စူနေသော Kyungsoo နှုတ်ခမ်းလေးပေါ် သူ့နှုတ်ခမ်းနှင့် ဖိလိုက်ရင်း "နောက်တစ်ခါ နှုတ်ခမ်းထပ်စူရင် အခုလို ထပ်လုပ်မှာ" Junmyeon Kyungsoo ၏ ခေါင်းလေးကို ဖွလိုက်သည်
"စကားတွေ တော်တော်တတ်နေတယ် ကျွန်တော်အခုထိ အဖြေမပေးရသေးဘူးလေ" Kyungsoo ရယ်ပြီးပြောလိုက်သည်
ပန်းကန်ဆေးပြီးသွားတော့ Kyungsoo အိမ်ရှေ့ထွက်ရန်အလုပ် Junmyeon က ခါးမှပွေ့ချီပြီး sofa ပေါ် တင်လိုက်သည်
![](https://img.wattpad.com/cover/28194261-288-k432410.jpg)