Let Me Be Your Guardian
One shot (Part 1)
မျက်နှာပေါ် ကျလာတဲ့ မနက်ခင်းနေရောင်ခြည်ကြောင့် Kyungsoo လန့်နိုးလာသည်
နာရီကြည့်လိုက်တော့ မနက် 8 နာရီ...
"Aishhh ကျောင်းနောက်ကျတော့မယ်"
Kyungsoo သူ့ကိုယ်သူ မကျေမနပ် ရေရွတ်လိုက်သည်
ကျောင်းက 8 နာရီခွဲ တက်ရမှာမို့ သူအလောတကြီးထပြီး ကျောင်းသွားဖို့ ပြင်ဆင်လိုက်တယ်
ကျောင်းနောက်ကျနေတာမို့ မနက်စာတောင် မစားနိုင်ဘဲ စက်ဘီးကို ခပ်သွက်သွက်နင်းပြီး အိမ်က ထွက်အလာ... လမ်းအကွေ့ တစ်ခုမှာ ရုတ်တရက် ထွက်လာတဲ့ ကားကြောင့် စက်ဘီးမှောက်ပြီး စက်ဘီးပေါ်က ပြုတ်ကျသွားတယ်....
Kyungsoo လည်း စက်ဘီးမှောက်သွားတဲ့ အရှိန်ကြောင့် တော်ရုံနှင့် ပြန်ထလို့မရ...
ထိုအချိန် ကားပေါ်မှ အသားဖြူဖြူနဲ့ လူတစ်ယောက် ဆင်းလာပြီး
"အဆင်ပြေရဲ့လားမသိဘူး....ကျွန်တော့်ကားနဲ့ တိုက်မိသွားတာ တောင်းပန်ပါတယ်"
Kyungsoo သူ့ကို တောင်းပန်စကားလာပြောတဲ့သူကို မျက်တောင် မခတ်တမ်း စိုက်ကြည့်နေမိသည်.....
အသားက ဖြူနေသည်မှာ နှင်းခဲနှင့်ပင် တူပြီး ရဲတွတ်နေသော နှုတ်ခမ်းပိုင်ရှင်...ထို့ပြင် မျက်လုံးများကလည်း ကရုဏာမေတ္တာပါလှသည်...
Kyungsoo တစ်ခါမှ အခုလို မခံစားဘူးခဲ့ သူ့တစ်ကိုယ်လုံး ရုတ်တရက် ဓာတ်လိုက်သလို ခံစားလိုက်ရပြီး အကြည့်တွေကို ရှောင်လွှဲ၍မရ~~
အတော်ကြာမှ သတိပြန်ဝင်လာပြီး...
"ဟုတ်....ဟုတ်ကဲ့ အဆင်ပြေပါတယ် စက်ဘီးက အရှိန်လျှော့ထားတာဆိုတော့ သိပ်မထိခိုက်မိပါဘူး...သွားလိုက်ပါဦးမယ်"
ထိုလူကလည်း Kyungsoo ကို အကြာကြီးစိုက်ကြည့်နေသည်မို့ Kyungsoo မခံစားနိုင်တော့ဘဲ ထသွားရန် ပြင်လိုက်သည်