PART-4

1.9K 188 6
                                    

UNICODE

နှစ်လိုဖွယ်ကောင်းသည်အောက်တိုဘာလဝက်ရဲ့မနက်ခင်းလေးစတင်လို့လာသည်။
ကျယ်လောင်စွာထွက်ပေါ်လာသည့်နိုးစက်မြည်သံကြောင့်အိပ်မောကျနေသည့်ကောင်လေးသည်အိပ်ယာမှလန့်ဖြန့်စွာနိုးလာလေသည်။

" ဒီနေ့ကစပြီးငါ့ရဲ့နေ့တွေပဲ အဟား "

အိပ်ယာမှဆင်းကာ ပြင်ဆင်စရာရှိတာပြင်ဆင်ပြီးအင်္ကျီဝတ်ရန်ဗီဒိုရှေ့မှာထိုင်ပြီးဟိုရွေးဒီရွေးလုပ်နေရသည်။

" ဒါလေးမဆိုးဘူး "

ကော်လံအင်္ကျီအဖြူလက်ရှည်ကိုဝတ်ကာအနက်ရောင်ဂျင်းအပွဖြင့်ဝတ်လိုက်ပြီး Necktie ကိုသေချာလေးစည်းလိုက်လေသည်။

ဘယ်လိုနေနေသူလှတယ်!

အခန်းထဲကနေလေလေးတစ်ချွန်ချွန်ဖြင့်ထွက်လာကာ အိမ်ရှေ့လေးကိုအကြည့်ပို့မိသည်။ ဘယ်မလဲထယ်ယောင်း?

" မေမေ ကိုကိုရော? "

" အစောကြီးပဲရှိသေးတာကို လာမနက်စာလာစား "

ဆူအောင့်အောင့်လေးဖြစ်ကာ မနက်စာထမင်းဝိုင်းလေးတွင်နေရာယူပြီးပေါင်မုန့်မီးကင်အားစားကာအိမ်ရှေ့လေးရှိကားသံလေးကိုတမျှော်မျှော်ဖြစ်နေရသည်။

" အဖေရောဟင် "

" သားဖေဖေကအလုပ်ကိစ္စနဲ့ Mapo-Gu ဘက်ကိုတစ်ပတ်ခရီးထွက်သွားတယ် "

" ဟင် အဝေးကြီးလည်းမဟုတ်ပဲနဲ့ဘာလို့ခရီးထွက်တာလဲ အလုပ်ပြီးရင်ပြန်လာလဲရတာပဲကို "

" အော်သားရယ် အသွားအပြန်နဲ့အလုပ်ရှုပ်ပြီးပင်ပန်းလို့လေကွယ် စားစရာရှိတာစား "

" ဟုတ်~~ "

မေမေအသင့်ပြင်ပေးထားတဲ့နွားနို့ပူပူလေးသာသောက်ရင်းယိုသုတ်ထားတဲ့ပေါင်မုန့်ချပ်လေးကိုစားနေလိုက်သည်။

" တီ! "

ခြံရှေ့တွင်ဆိုက်ရောက်လာသောကားသံကြောင့် ထယ်ယောင်းဟုစိတ်ထဲမှကောက်ချက်ချရင်း စားလက်စကိုပါးစပ်ထဲအကုန်ထည့်လိုက်ပြီးအိမ်ရှေ့သို့အပြေးထွက်သွားလေသည်။

" သားသွားပြီ! "

ခြေအိတ်ကိုစွတ်ကာအနက်ရောင်လိုင်းလေးပါသောအဖြူရောင်ဖိနပ်လေးကိုကြိုးချည်​ပြီးခြံတံခါးလေးဖွင့်ကာထွက်လာခဲ့သည်။

Falling in love in 5 days[VK]✔Where stories live. Discover now