~~~~~~~~~~
" မနက်ဖြန်ဆိုရင်
မဂ်လာဆောင်ရတော့မယ်နော် Jen! "Lisa ပြောလိုက်တော့
မိမိပေါင်ပေါ်မှာခေါင်းအုံးပြီး လဲလျောင်းနေတဲ့
Jennie က ပြုံးပြကာ မော့ကြည့်လာတယ်" Li ကိုယ်တိုင်ရွေးပေးထားတဲ့
သူတို့သမီးဝတ်စုံလေးက သိပ်လှတာပဲ "" Jen က ပိုလှပါတယ် "
တစ်ယောက်လက်ကိုတစ်ယောက်
တင်းကျပ်နေအောင် ဆုပ်ကိုင်ထားရင်း
ကောင်းကင်ကြီးကိုမော့ကြည့်လိုက်တော့
ကြယ်တွေစုံနေတဲ့ ဒီညလေးက သိပ်လှပတယ်ရင်ခွင်ထဲက Jen ကပိုလှတယ်
~~~~~~~~~~~~~~~~~~~~~
ဧည့်သည်တွေအများကြီးတက်ရောက်ကြတဲ့
မဂ်လာပွဲလေးဟာ အရမ်းကိုခမ်းနားတင့်တယ်တယ်မိတ်ကပ်အခန်းထဲမှာ အလှပြင်နေတဲ့ Jennieကို
ဘေးမှာထိုင်နေတဲ့Lisaက သေချာငေးကြည့်ရင်း ပြုံးနေမိတယ်" Li အားလုံးပြီးပြီလားဟင်? "
ရုတ်တရက်လှည့်ကြည့်ပြီးမေးလာတဲ့
Jennie ကြောင့် Lisa ရှက်တောင်သွားသည်" ပြီးပြီလေ Jen!
ဒါနဲ့ ~~~ သိပ်လှတာပဲနော်
Li တို့ သွားကြတော့မလား? "" အင်း "
ဂါဝန်က အရမ်း လေးတာမို့
Lisa ကူမပြီး တွဲခေါ်ရင်း Jennie နဲ့အတူ
မဂ်လာစင်မြင့်လျှောက်လမ်းရဲ့ ခန်းမအဝင်
တံခါးဝနားကိုရောက်လာခဲ့တယ်" ရင်ခုန်နေလား Jen! "
" အင်း "
ရင်ဘက်ကိုလက်နဲ့အသာလေးဖိပြီး
ပြောလာတဲ့ Jennie က အတော်လေးကို
စိတ်လှုပ်ရှားနေတဲ့ ပုံပါပဲ" Li အရင်သွားနှင့်လိုက်မယ် "
ခေါင်းညိမ့်ပြတဲ့ Jennieရဲ့ကျောကို
အသာလေးပုတ်ပေးရင်း စင်မြင့်ထက်ကို
Lisa တစ်လှမ်းချင်းလျှောက်လှမ်းလာလိုက်တယ်