APOLOGY (Zawgyi)

523 32 3
                                    

~~~~~~~~~~








" မနက်ဖြန်ဆိုရင်
မဂ်လာ​ဆောင်ရ​တော့မယ်​နော် Jen! "




Lisa ​ပြောလိုက်​တော့ 
မိမိပေါင်​ပေါ်မှာ​​​ခေါင်းအုံးပြီး လဲ​လျောင်း​နေတဲ့
Jennie က ပြုံးပြကာ မော့ကြည့်လာတယ်




" Li ​ကိုယ်တိုင်ရွေး​ပေးထားတဲ့
သူတို့သမီးဝတ်စုံ​လေးက သိပ်လှတာပဲ "




" Jen က ပိုလှပါတယ် "




တစ်​​ယောက်လက်ကိုတစ်​ယောက်
တင်းကျပ်​နေ​အောင် ဆုပ်ကိုင်ထားရင်း
ကောင်းကင်ကြီးကို​မော့ကြည့်လိုက်​တော့
ကြယ်​တွေစုံ​နေတဲ့ ဒီည​​လေးက သိပ်လှပတယ်

ရင်ခွင်ထဲက Jen ကပိုလှတယ်









~~~~~~~~~~~~~~~~~~~~~









ဧည့်သည်​တွေအများကြီးတက်​ရောက်ကြတဲ့
မဂ်လာပွဲ​လေးဟာ အရမ်းကိုခမ်းနားတင့်တယ်တယ်

မိတ်ကပ်အခန်းထဲမှာ အလှပြင်​​နေတဲ့ Jennieကို
ဘေးမှာထိုင်​နေတဲ့Lisaက ​သေချာ​​ငေးကြည့်​ရင်း ပြုံး​နေမိတယ်




" Li အားလုံးပြီးပြီလားဟင်? "




ရုတ်တရက်လှည့်ကြည့်ပြီး​မေးလာတဲ့
Jennie ​ကြောင့် Lisa ရှက်​တောင်သွားသည်




" ပြီးပြီ​လေ Jen!
ဒါနဲ့ ~~~ သိပ်လှတာပဲ​​နော်
Li တို့ သွားကြ​တော့မလား? "




" အင်း "




ဂါဝန်က အ​ရမ်း လေးတာမို့
Lisa ကူမပြီး တွဲ​ခေါ်ရင်း Jennie နဲ့အတူ
မဂ်လာစင်မြင့်​လျှောက်လမ်းရဲ့ ခန်းမအဝင်
တံခါးဝနားကို​ရောက်လာခဲ့တယ်




" ရင်ခုန်​နေလား Jen! "




" အင်း "




ရင်ဘက်ကိုလက်နဲ့အသာ​လေးဖိပြီး
ပြောလာတဲ့ Jennie က အ​တော်​လေးကို
စိတ်လှုပ်ရှား​နေတဲ့ ပုံပါပဲ




" Li အရင်သွားနှင့်လိုက်မယ် "




ခေါင်းညိမ့်ပြတဲ့ Jennieရဲ့​ကျောကို
အသာ​လေးပုတ်​​ပေးရင်း စင်မြင့်ထက်ကို
Lisa တစ်လှမ်းချင်း​လျှောက်လှမ်းလာလိုက်တယ်




APOLOGYWhere stories live. Discover now