Final Ep

1.1K 80 1
                                    

Ep 5 recall

Soo kai နားကသွားရမှာလားမသွားရဘူးလားဆိုတာစဉ်းစားရခတ်နေသည်..ဘယ်လိုလုပ်ရမလဲ..သူတကယ်ပြောရင်kai နဲ့ ၁ second တောင်မခွဲချင်ပါဘူး..သူkaiနားမှာပျော်နေမိပြီလေ.........
@@@@@@@@@@@@@@@@@@@@@@

Suho : မင်းအပိုတွေမလုပ်နဲ့..လာသွားမယ် Soo
Kai လက်ကိုဖက်ပြီးငိုနေတဲ့ soo ကိုပြောလ်ုက်တယ်..

Kaiစကားကိုဖြတ်ပြီး...

Kai: နေပါအုန်း..မင်းကဘာမို့လို့ငါ နဲ့ သူ့ကိုခွဲရတာလဲ..

Suho : ရှင်းနေတာဘဲလေမဖြစ်သင့်ဘူး..ပြီးတော့ဒါငါ့အလုပ်..

Soo ဖြတ်ပြောလိုက်ရတော့သည်..

Soo: kai ငါတို့ရပ်ရအောင်နော်...သူပြောတာမှန်ပါတယ်..မဖြစ်သင့်ဘူးလေ..
Soo
ပြောသာပြောလိုက်ရတာ..စိတ်ထဲကတော့လုံးဝမပါပါဘူး...

Kai : မင်း.....

Sooလက်ကိုဆွဲလိုက်ပြီး sooကို နားမလည်နိုင်တဲ့အကြည့်နဲ့ကြည့်လိုက်တယ်...

Suho: တွေ့လားငါပြောတာမှန်တယ်...

သူအချိန်မဆွဲတော့ဘဲဘေးအိပ်ကပ်ထဲကပုလင်းသေးသေးလေးထုပ်လိုက်သည်..Soo ဝိညဉ်လည်းသေးသေးလေးဖြစ်သွားပြီးပုလင်းထဲဝင်သွားလိုက်သည်....

ပြီးတော့သူတို့နှစ်ယောက်လုံး မီးခိုးလုံးကြီးနဲ့အတူပျောက်ကွယ်သွားခဲ့သည်...

Kai အူကြောင်ကြောင်နဲ့ရပ်ပြီးကျန်ခဲ့သည်...ဒီအဖြစ်အပျက်ကအရမ်းမြန်နေသည်....သူ့အချိန်တွေရပ်တန့်သွားသည်...'soo ah..soo' သူငိုရင်းနဲ့ပြောလိုက်သည်..

Kai omma: သားအဲ့လောက်ကြီးစိတ်မပူပါနဲ့...မေမေသားနဲ့လက်ထပ်ဖို့ကောင်မလေးတစ်ယောက်နဲ့စီစဉ်ထားတယ်..ချစ်ဖို့အရမ်းကောင်းတယ်..ပြီးတော့အရမ်းလည်းလိမ္မာတယ်..

"ဘာ..လက်ထပ်မယ်.လုံးဝဘဲ Omma..soo ကိုဘယ်သူနဲ့မှ အစားမထိုးဘူး..အစားလဲမထိုးနိုင်ဘူး ဘယ်တော့မှလည်းလက်မထက်ဘူး !!! " kai အော်ပြီး အိမ်အပေါ်ထပ်ကို ပြေးထွက်သွားသည်....

သူOmmaတိုးတိုးလေးပြောတာကြားလိုက်တယ် 'အချိန်တွေကကုစားသွားမှာပါတဲ့'

သူတံခါးကို ဆောင့်ပိတ်ပြီး တံခါးကိုနောက်မှီထိုင်ချလိုက်သည်...သူမငိုမိအောင် ခေါင်းကိုအပေါ်မော့ထားလည်း မျက်ရည်တွေကသူ့ပါးပေါ်ပြေးဆင်းလာသည်...
''အချိန်တွေလား?? သူ့ကိုဘယ်တော့မှကုစားနိင်မှာမဟုတ်ဘူး.....''

TheŠwëëtëštWördÏKñöwÏš"LoveOù les histoires vivent. Découvrez maintenant