Unicode💙💙💙"ဟာကွာ...ဒုန်း..ငါ့ဘဝမှာမှဘာလို့ဒီလိုတွေလာကြုံနေ တာလဲကွာ.."
ဥက္ကဋ္ဌ Min Yoongiတစ်ယောက်သူ့၏ရုံးခန်းထဲမှာပေါက်ကွဲနေသည်...
ဝန်ထမ်းများလည်းဝင်ဆွဲဖို့နေနေသာသာခေါင်းမဖော်နိုင်အောင်တောင်ကြောက်နေရသည်...
ငယ်သူငယ်ချင်းလည်းဖြစ်အတွင်းရေးမှုးလည်းဖြစ်တဲ့Kim Seokjinတောင်ဝင်မဆွဲရဲ...
သူ့သူငယ်ချင်းအကြောင်းသူသာအသိဆုံးဒီလိုအခြေအနေမှာတစ်ခုခုသာဝင်ပြောကြည့်ပိုလိုတောင်အခြေအနေတွေကဆိုးရွားလာနိုင်သည်...သူစိတ်ငြိမ်သွားမှဖျောင်းဖျတာသာအကောင်းဆုံးဖြစ်သည်.....
Yoongi အခုဖြစ်နေတာတွေကိုကြည့်ပြီးသူ့လည်းစိတ်မကောင်းပါ...
Yoongiလိုအစစအရာရာအောင်မြင်နေတဲ့သူမှာဒီလိုအဖြစ်အပျက်တွေလာဖြစ်မှတော့သူလည်းစိတ်ထိခိုက်မိမှာအမှန်ပါ....သူ့ရဲ့သူငယ်ချင်းMin Yoongi သည်အလုပ်မှာပဲစိတ်ကိုပုံအပ်ထားကာသူ့ကိုဆိုသူ့ရဲ့ဝန်ထမ်းတွေကအလုပ်သရဲဆိုပြီးတောင်နာမည်ပေးထားတယ်....အချစ်ရေးကိုလည်းစိတ်မဝင်စားကာအခုချိန်ထိတောင်မှရည်းစားတစ်ယောက်မှတောင်ထားဖူးသူမဟုတ်........
စီးပွားရေးလောကမှာနာမည်တစ်လုံးနဲ့အောင်မြင်နေပြီး..သူ့ရဲ့ .
White Diamond company ဆိုလည်းမသိသူမရှိသလိုKoreaရဲ့စီးပွားရေးလောက ကိုလွှမ်းမိုးထားတဲ့အထိအောင်မြင်နေ တာဖြစ်သည်...အခုတော့လက်ထပ်မဲ့နေ့ မှာတင်သတို့သားဖြစ်တဲ့Min Yoongi ကိုလက်မထပ်ချင်လို့ကိုယ့် ကိုကိုယ့်သတ်သေ သွားတဲ့သတို့သမီး...
ဘယ်လောက်တောင်နားဝင်ဆိုးလဲ.....လူတွေကတော့Min Yoongi တစ်ယောက်သူ့ရဲ့သတို့သမီးသေ သွားလို့ဆောက်တည်ရာမရသွေးပျက်နေတယ်လို့ထင်ကြပေမဲ့..
သူ့သူငယ်ချင်းတကယ်သွေးပျက်နေတဲ့အရာက.......?Yoongi တစ်ယောက်စိတ်လိုလက်ရပေါက်ကွဲပြီးနောက်သူ့ရုံးခန်းတစ်ခုလုံးခြေ ချစရာမရှိလောက်အောင်ပွလန်ကျဲနေသည်.....
"တောက်!. ..ဒီမိန်းမကွာ...."
သူ့နဲ့လက်မထပ်ပဲသတ်သေသွားတဲ့သတို့သမီး....
သူ့ရဲ့ချစ်သူမဟုတ်လို့ဝမ်းလည်းမနည်းပါ...
ဝမ်းနည်းဖို့နေ နေသာသာအဲမိန်းမကိုသေရွာကပြန် ခေါ် ပြီးသူ့ကိုယ်တိုင်သတ်လိုက်ချင်သည်...
သူ့သဘောမကျပေမဲ့လည်းနှစ်ဖက်မိဘတွေသဘောထားအရလက်ထက်ကျမဲ့သူ့တို့နှစ်ဦး.....
လက်ထပ်ဖို့ဆွေးနွေးနေတုန်းကတော့ဘာအနှောင့်အယှက်မှမရှိခဲ့..အရာအားလုံးကအဆင်ပြေနေခဲ့တယ်.....
အစကတည်းကလက်မထပ်ချင်ဘူးလို့ပြောခဲ့ရင်သူ့လည်းလက်ခံပေးမှာပေါ့..မသိရင်သူ့ကပဲအတင်းလက်ထပ်ချင်နေတဲ့သူဖြစ်သွားပြီး..
သူမကတော့လက်ထပ်ဖို့ဖိအားတွေပေးခံနေရတဲ့ပုံစံဖြစ်သွားသည်။
YOU ARE READING
Behind the true
FanfictionMin Yoongi×Kim Taehyung Park Jimin×KimTaehyung Started date -24.2.2021 Ended date- ongoing BTS Myanmar fanfic