Chapter 2

207 16 1
                                    

Unicode💟💟💟

Taehyung (xxx) ဆေးရုံသို့ရောက်သောအခါကားလေးရပ်ပြီးဆေးရုံထဲသို့ဝင်လိုက်သည်....

"202"

အခန်းနံပါတ် "202"ရှေ့သို့ရောက်သောအခါရပ်လိုက်ပြီးတံခါးဖွင့်လိုက်သောရှင်းလင်းနေသောအခန်းလေးမှတစ်ပါးဘာကိုမှမတွေ့ရ...

သူ receptionရှေ့သို့သွားကာnurseမလေးတစ်ယောက်ကိုလှမ်းမေးလိုက်သည်...

"အခန်းနံပါတ် 202 ကလူနာ Park Jimin ကဆေးရုံဆင်းသွားပြီလားမသိဘူး.."

"ဟုတ်ပါတယ်ရှင်..လူနာ Park Jiminကလွန်ခဲ့တဲ့နှစ်ရက်ကမှ ဆေးရုံကဆင်းသွားတာပါရှင်..."
"ဟုတ်ကဲ့....ကျေးဇူးပါဗျာ...ခွင့်ပြုပါအုံး.."

Nurse မလေးကိုနှုတ်ဆက်ပြီးသူဆေးရုံမှပြန်ထွက်လာခဲ့သည်...
Jiminဆေးရုံတတ်တာကြာပြီး ဖြစ်သော်လည်းသူ Austrian ရောက်နေလို့ခုမှသတင်းလာမေးခြင်းဖြစ်သည်...
လက်ကနေဖုန်းနံပါတ်လေးတစ်ခုကိုနှိပ်လိုက်သည်...ဖုန်းကချက်ချင်းဝင်သွားပြီတစ်ဖက်မှပြန်ထူးလာသည်...

"Hello. .."

"Hello jimin. .ငါပါ Taehyung. .."

"Awww. ...ပြောလေ..."

"ငါ austrian ကနေခုမှ​ပြန်ရောက်တာ...
မင်းဆေးရုံတတ်ရတယ်ဆိုလို့သတင်းလာမေးတာ...ငါရောက်တော့မင်းဆင်းသွားပြီတဲ့.."

"အင်း..ဟုတ်တယ်လေ....လွန်ခဲ့တဲ့နှစ်ရက်ကမှဆင်းလာတာ....'ဘယ်သူနဲ့ပြောနေတာလဲညီ'. ."

သူJiminပြောတာနားထောင်ရင်းကြားလိုက်ရသောအသံတစ်ခုကြောင့်ပြုံးမိသွားသည်.....

Jimin သူကိုမေးလာသောYoongi hyungကြောင့်ဖုန်းကိုလက်နဲ့ပိတ်ကာ...

"ဒီတိုင်းသူငယ်ချင်းတစ်ယောက်ပါ..."

"အော်..ဖုန်းပြောပြီးရင်းဆေးသောက်လိုက်နော်...Hyungထားခဲ့မယ်..."

"ဟုတ်ကဲ့...Hyung"

"မင်းဘေးမှာ..Yoongi hyungရှိနေတာလား.."

"အင်း..ဟုတ်တယ်..."

"ဒါဆို..ဒါပဲနော်.အားတယ်နေ့ရောက်ရင်ဆုံရအောင်ဖုန်းဆက်လိုက်မယ်.."

"အင်း....ဒါပေမဲ့! ....."

သူပြောတာကိုပြီးအောင်နားမထောင်ဖုန်းချသွားသောTaehyungကြောင့်သူ့မျက်နှာညိုးသွားသည်....သူလမ်းလျှောက်လို့မရဘူးဆိုတာတောင်မပြောလိုက်ရ....
Taehyungရဲ့စိတ်ထဲမှာသူမှမရှိဘဲ..
အဲအစားTaehyungရဲ့စိတ်ထဲမှာရှိနေသူက.........

Behind the trueWhere stories live. Discover now