Unicode
ပြင်သစ်နိုင်ငံ, ပဲရစ်(Paris)မြို့(သို့)ပါရီမြို့။
Parisမြို့တော်ကြီးရဲ့eiffelTower
(အီဖယ်မျှော်စင်)ကြီးကိုနောက်ခံထားပြီး ငူငူငိုင်ငိုင်ထိုင်နေသည့်ကောင်လေးတစ်ယောက်။Oxygenစက်ကိုဘေးလွယ်အိတ်လေးထဲ
ထည့်ကာတစ်စောင်းလွယ်ထားပြီးနှာခေါင်းတွင်လဲ
oxygen ပိုက်လေးတပ်ထားသေးသည်။"ကောင်လေး"
ဘေးနားမှသူ့အားလာခေါ်နေသည့်လူကိုမော့ကြည့်မိတော့ ပြင်သစ်လူမျိုးပေမဲ့မျက်လုံးဝိုင်းဝိုင်းလေးနဲ့ရယ်။
တစ်ချက်ကြည့်ပြီးတာနဲ့အကြည့်လွှဲပစ်လိုက်သည်။
ထိုလူကသူထိုင်နေတဲ့နေရာနဲ့နှစ်ပေအကွာလောက်မှာ
ဝင်ထိုင်ပြီးစကားစပြောသည်။"အာရှသားတွေက သဘောမကောင်းဘူးဘဲ။"
"ဟင်...ကျွန်တော်အာရှသားမှန်းဘယ်လိုသိတာလဲ။"
ထိုလူရဲ့စကားကြောင့်ထယ်ယောင်းမျက်လုံးပြူးကာ
အံဩတကြီးမေးမိတော့သူကခပ်ဟဟရယ်သည်။
တွေ့ဖူးသမျှပြင်သစ်သားတွေထဲမှာထိုလူသည် အတော့်ကို
ချောလွန်းပါသည်။"ကောင်လေးရုပ်က အာရှသားမှန်း
ကိုယ်ခွဲတတ်တယ်။"ထယ်ယောင်းကပြောရမယ်ဆိုရင်ကိုရီယားရုပ် သိပ်မပေါက်။ဒါပေမဲ့လည်းထိုလူကသိတယ်ဆိုတော့လည်း သိတယ်ပေါ့။
မေးခွန်းတွေဆက်မထုတ်တော့ဘဲငြိမ်သက်စွာသာ ထိုင်နေမိသည်။
ထိုပါရီသားနဲ့စကားပြောလိုက်တာ လက်ရှိဘဝကိုမေ့သလို
ဖြစ်သွားပေမဲ့စကားတွေရပ်သွားတဲ့အခါ လက်ရှ်ဘဝကိုပြန်သတိရလာသည်။