Unicode
"ငါ့ကိုဘယ်လိုနှိပ်စက်ရမှကျေနပ်မှာလဲ၊ဟမ်....
ငါမင်းကိုသိပ်ချစ်တာမသိဘူးလား။"JeonကTaehyungရဲ့ပခုံးကိုလှုပ်ရမ်းပြီး
ပြောတော့Taehyungကရှိုက်သံလေးထွက်ပြီး"ချစ်တယ်ဆို ကျတော့်အနားမှာနေလေ၊
Jeonကျတော့်အနားမှာမရှိတာကျတော့်
အတွက်ပိုခက်ခဲတယ်။"Jeonကကိုင်ထားတဲ့ပခုံးတွေကိုလွှတ်ချ
လိုက်သည်။Taehyungမော့ကြည့်တော့
Jeonကမျက်နှာလွှဲပစ်သည်။"မင်းကငါ့ကိုမချစ်ဘူးလေ။ငါမင်းအနားမှာ
နေတော့ရောငါခံစားရတာဘဲရှိတာပေါ့။"ရှိုက်ကြီးတငင်ငိုနေတဲ့Taehyungက မျက်ရည်တွေကိုအတင်းသုတ်ပစ်ပြီး
"ချစ်တယ်။ခင်ဗျားကိုအရမ်းချစ်တာ။
ကျတော်ကJeonထက်တောင်အရင်
ချစ်ခဲ့တာ။ဒါပေမဲ့..."Taehyungကပြောနေရင်းခေါင်းလေး
ငုတ်သွားတော့"ဘာဖြစ်လဲ"
"Jeonနဲ့ကျတော်ကဘယ်လိုမှမဖြစ်နိုင်ဘူးလေ။"
အသံတိုးတိုးလေးနဲ့နှိမ့်နှိမ့်လေးပြောသည့် Taehyungကတကယ်ကိုကြောက်နေဟန်။
သူက ကံကြမ္မာဆိုတဲ့မသေချာမရေရာတဲ့ အရာကြီးကိုကြောက်နေတာ။"Hey..Baby Kimမင်းအခုလို
ကိုယ်နဲ့ ခွဲနေရတော့ရောပျော်လား။"Jeonကပခုံးလေးကိုကိုင်ပြီးမေးတော့ ခေါင်းကိုတဆတ်ဆတ်ခါပြသည်။
"မပျော်ဘူးလေ။အဲ့တော့အခုအနာဂတ်ကို
မတွေးကြဘဲ ပစ္စုပန်မှာပျော်ပျော်နေရမယ်လေ။
မသေချာတဲ့အရာကြီးကိုတွေးပြီးကြောက်နေတာ။
တန်ဖိုးရှိတဲ့အချိန်တွေကိုဖြုန်းပစ်နေသလိုဘဲ"ငိုဖို့ကိုပိုပြီးအားထက်သန်နေတဲ့
Taehyungက တရှုံ့ရှုံငိုနေတုန်း။
Jeonကသူ့ရဲ့ရင်ခွင်ထဲကိုဆွဲသွင်းပြီး"Baby Kimလဲကိုယ့်ကိုချစ်ရဲ့သားနဲ့။
ရှောင်ပြေးမနေပါနဲ့တော့။"ခေါင်းလေးကိုဖွဖွလေးနမ်းရင်းပြောတော့ သူ့ကိုအတင်းတွန်းထုတ်ပြန်သည်။Baby Kimဘာဖြစ်ချင်နေတာလဲ..!
မျက်မှောင်ကုတ်ပြီးကြည့်တော့Baby Kimက
သူ့ကိုဆက်မကြည့်တော့ဘဲ..