Unicode
ကော်ဖီခွက်လေးကိုင်ကာလေကောင်းလေသန့်ရှုရင်း စိတ်အပန်းဖြေဖို့ရန်အတွက်ဆေးရုံ၏ခေါင်မိုးထပ်ကို
တက်လာခဲ့လိုက်သည်။ဒီနေ့ဆိုသူတာဝန်ကျတဲ့ဆေးရုံကို
ရောက်တာ လေးရက်မြောက်နေ့ဖြစ်သည်။ထင်ထားသည်ထက်အများကြီးပို၍အဆင်ပြေသည်
ပြောရမည်။တစ်ကောင်ကြွက်ဖြစ်တဲ့သူဟာလူတွေကြားထဲ သိပ်၍လည်းမနေတတ်သည်မို့ အမြဲတမ်းတသီး
တသန့်ဖြစ်နေတတ်သူဖြစ်သည်။ဒီဆေးရုံကိုသဘောကျရသည့်အချက်သည်စိတ်အပန်းဖြေရာ
Eiffel Towerလိုမြင်ကွင်းကြီးကိုလဲဆေးရုံ၏
အပေါ်ဆုံးထပ်တွင် တွေ့နိုင်၍ဖြစ်သည်။ခေါင်မိုးတံခါးကိုဖွင့်လိုက်တော့သူနဲ့ရင်းနှီးနေသည့်
ကျောပြင်ငယ်လေးကိုတွေ့လိုက်ရသည်။အပြင်မှာ
အေးနေတာကိုOxygenပိုက်တန်းလန်းလေးနဲ့
ပုံထိုင်ဆွဲနေလေသည်။ကလေးတွေများသိပ်ဆိုးသည်ဘဲ။"Baby Kim"
မျက်တောင်ရှည်ကြီးတွေကိုပုတ်ခတ်ကာသူ့အား လှမ်းကြည့်နေသည့်ကောင်လေး၏သွင်ပြင်သည် ထူးဆန်းသွားဟန်။အထိန်တလန့်လဲဖြစ်သွားသည်။
ကောင်လေးကသူ့ကိုမြင်ထဲကတင်းတင်းကြပ်ကြပ်
ဆုပ်ကိုင်ထားသည့်စာအုပ်ထဲမှဆွဲလက်စပုံကို
ချက်ချင်းဖွက်ကာအိတ်ထဲအလျင်အမြန်ထိုးထည့်လိုက်သည်။"ကိုယ်အတင်းလုမကြည့်ပါဘူး။ မဖွက်လဲရပါတယ်။"
"မဟုတ်ဘူး။ကျွန်တော်...လျှောက်ဆွဲထားတာမို့လို့"
ကောင်လေးကိုပြုံးပြပြီးသာကောင်လေးထိုင်နေတဲ့ ခုံတန်းဘေးမှာဝင်ထိုင်လိုက်သည်။
"အပြင်မှာအရမ်းအေးနေတာကိုအထဲဝင်သင့်ပြီ။"
"Towerကိုကြည့်ချင်လို့ပါ။ဆေးရုံတစ်ခုလုံးမှာ ဒီအထပ်ကိုအကြိုက်ဆုံးဘဲ"
"ဒါပေမဲ့ မင်းနဲ့ဒီအထပ်ကမတည့်ဆုံးဘဲလေ။ဒီမျှော်စင်ကိုအရမ်းကြိုက်တယ်ထင်တယ်။
စတွေ့တုန်းကလဲ Eiffel Towerအရှေ့မှာ။"