နာမည် အနည်းငယ် လွှဲရေး၊လျှော့ရေးထားတာအတွက်တောင်းပန်ပါတယ်။ ဟန့်စိတ်တိုင်းကျပဲ ရေးထားတာဖြစ်လို့ မကြိုက်တာ၊ ဘဝင်မတွေ့တာရှိခဲ့ရင် ဘာမကျေနပ်ချက်မှမပြောပဲ တိတ်တိတ်လေးထွက်သွားပေးပါ။ ပြီးရင် ထပ်မလာခဲ့ပါနဲ့။ ကျေးဇူးတင်ပါတယ်။ ပိုးမမှီသာနဲ့ဟန်နီနွေဦးကို အတင်းကြီး ship တာ မဟုတ်ပဲ၊ လိုက်ဖက်မယ်ထင်မိလို့ ရေးကြည့်တာရယ်၊ ရေးမယ်လို့ ကတိပေးထားတာရယ်ကြောင့် ရေးလိုက်တာပါ။ ထုံးစံအတိုင်း မအလမင်းအောင်လှိုင် လိုင်းစဖြတ်တည်းကရေးလိုက်တာ အကုန်ပြီးလို့ ဒီစကားချပ်ကိုထည့်နေချိန်မှာ မနက်ငါးနာရီထိုးဖို့ ရှစ်မိနစ်အလိုဖြစ်ပါတယ်။ ရေးရကျိုးနပ်မယ်လို့ထင်ပါတယ်။ စိတ်အမောတွေပြေကြပါစေ လူကြီးမင်းတို့ 💛 BG music ကတော့ "Blue & Grey" by BTS ပါ။ 😆🙏
🍃 Spring & Dream 🍂
ရန်ကုန်ဟာ ဖြစ်နေကျအတိုင်း ပူလောင်နေတာပါပဲ။ နွေရာသီဟာ ရန်ကုန်အတွက်ဆို အပြင်းပြဆုံးဒေါသ၊ အကျွမ်းနိုင်ဆုံး မီးစတစ်ခုပေါ့။ ဒီကြားထဲကမှ ကိုယ့်နာမည်က 'နွေဦးနေ' ဖြစ်နေတာ ဘယ်လောက်ကံဆိုးသလဲ။ နွေဦးမှာထွက်တဲ့နေက အပူတွေသိပ်များလွန်းတာ မေမေတို့မသိလေရော့သလား။ ဒါကြောင့် ကိုယ့်ကိုကိုယ် နာမည်တစ်လုံးတည်းအဖျားစွတ်ခေါ်ပြီး ဘေးကလူတွေကိုပါ အဲ့နာမည်ပဲခေါ်ခိုင်းရတယ်။
"နာမည်က နေး နော်"
ဆေးရုံအခန်းငယ်ထဲမှာ ထွက်လာတဲ့အသံခပ်ချိုချိုကလေး။ နေးအခုမှမော့ကြည့်မိတယ်။
"ဟုတ်"
နေးကိုယ်တိုင်က လှလိုက်တာဆိုတဲ့စကားကို အများဆုံးလက်ခံရရှိတဲ့မိန်းကလေးတစ်ဦးဖြစ်သည့်တိုင် အရှေ့တည့်တည့်က ဒေါက်တာအမျိုးသမီးကိုကြည့်ပြီး အံ့ဩမှင်သက်နေမိတယ်။
"ဘာဖြစ်တာလဲ ပြောပြပါဦး"
"ဗိုက်အောင့်တယ်ပြောလို့ခေါ်လာတာ သမီးရယ်။ ခုကျတော့လဲအကောင်းတိုင်းပါပဲကြည့်ပါလား"
ဘေးမှာထိုင်နေတဲ့မေမေက ဒေါက်တာ့ကို စကားထောက်တယ်။ သမီးရယ် ဆိုတဲ့ အသုံးအနှုန်းကြောင့် နေးရဲ့ဦးနှောက်ကိုအလုပ်ပေးလိုက်ရသည်။ မေမေဟာ မာနသိပ်ကြီးတဲ့ ကြွယ်ကြွယ်ဝဝအမျိုးသမီးကြီးလေ။
ESTÁS LEYENDO
Spring & Dream
Fanficလက်သွယ်သွယ်တွေနဲ့ ဒီနှောင်ကြိုးတွေဖြေပေးလှည့်ဦး နွေ။ ဥဩငယ်တွေ တိတ်နေလိုက်တာ .. ပြတင်းတံခါးဖွင့်မကြည့်ရတာလဲ ကြာ ..