Part 35 Zawgyi

1.9K 101 1
                                    

တစ်ပတ်ခန့်ကြာသော် ....

"ဒေါက် ဒေါက် ဒေါက်"

YiBo အလုပ်သွားခါနီးမှကြားလိုက်ရတဲ့အခန်းတံခါးခေါက်သံက Xiao Zhan ခေါက်လိုက်တဲ့ အသံဆိုတာ သူတန်းသိလေသည်။

"ကလေး ၀င်ခဲ့လေ ..."

မှန်ရှေ့မှာ Necktie အချည်မပြတ်ပြော‌လိုက်တဲ့ YiBo ကြောင့်ကောင်ငယ်လေးလည်းအခန်းထဲဝင်လာလိုက်သည်။

ကုတင်ပေါ်တင်ထားတဲ့ အပြင်ဝတ် ကုတ်အင်္ကျီကို Xiao Zhan က ယူလိုက်ပြီး မှန်ရှေ့မှာ သေသေချာချာ ပြင်ဆင်နေတဲ့ YiBo နံဘေးကပ်သွားလိုက်သည်။

ကုတ်အင်္ကျီအား သူဝတ်ပေးမည့် ဟန်ပြလိုက်တော့ YiBo လည်းအလိုက်သင့် ၀တ်လိုက်သည်။

ကောင်ငယ်လေးကတစ်ခုခုပြောချင်နေဟန်နှင့်ခေါင်းလေးငုံ့ရင်းကြယ်သီးကိုတပ်ပေးနေတော့

"ကို့ကိုပြောစရာရှိလို့လား ..."

ခေါင်းလေးကိုခပ်ဖွဖွပုတ်ကာမေးလိုက်သည်။

ကောင်ငယ်လေးလည်းခေါင်းငုံ့နေရာမှာမော်လာကာ

"အွန်း ကိုကိုနေကောင်းရင် ဓားကဒဏ်ရာကဘယ်လိုရလဲဆိုတာပြောပြမယ်ဆို"

ဟု မျက်လုံးလေးအဝိုင်းသားနှင့်မေးရှာသည်။

"အ ဟုတ်သားပဲ ..."

ကောင်ငယ်လေးရဲ့ ပခုံးအပေါ်လက်တင်ကာဆိုလိုက်သည်။

"ပြောရမှာကအရှည်ကြီးပဲ‌ ...
ဘယ်လိုလုပ်မလဲ ကိုကအလုပ်သွားရဦးမယ်"

"ခွင့်ယူလိုက်လေ ..."

"ဟော ဒီကလေး ..."

"လာပါ ကိုကိုကလဲ ..."

YiBo လက်ကိုဆွဲကာကုတင်ပေါ်တွင်သူနှင့်အတူထိုင်ရန် မျက်နှာချိုသွေးလေသည်။

"ကဲပါဟုတ်ပါပြီ ..."

YiBo နံဘေးတွင်ကျုံ့ကျုံ့လေးထိုင်နေသည့် Xiao Zhan က မျက်နှာငယ်လေးနှင့်။

သူ့ကြည့်ရပုံ သိချင်ဇောတအားများနေလေသည်။

"ဒီလို ...အဲနေ့က ကလေးကို့ကိုစိတ်ဆိုးနေတယ်"

YiBo လည်းဖြစ်ပျက်ခဲ့သမျှအကြောင်းအရာကိုသေသေချာချာရှင်းပြလိုက်တော့သည်။

Adopted Son || YiZhanWhere stories live. Discover now