တနေကုန်ထိုင်ရာမှမထနိုင်လောက်အောင်အလုပ်ရှုပ်နေသူက Wang Yi Bo ပင်ဖြစ်သည်။လက်မှာပတ်ထားတဲ့နာရီကိုပင်တစ်ချက်မငုံ့ကြည့်မိ။
"ဒေါက် ဒေါက် ..."
တခါးကိုမတိုးမဖွခေါက်လာလေတော့
"၀င်ခဲ့ ...."
တစ်ခွန်းတည်းဆိုကာအလုပ်ကိုရပ်ရင်းတံခါးဖက်သို့မျက်နှာမူလိုက်သည်။
ကလေးငယ်ကလက်ထဲမှအထုတ်တွေကိုမနိုင်မနင်းနဲ့သယ်ကာဖရိုဖရဲနဲ့အခန်းထဲ၀င်လာလေသည်။
"ကိုကို ..."
နှုတ်ခမ်းလေးကိုခါတိုင်းလိုစူရင်းကျေနပ်နေတဲ့အသံငယ်ငယ်ဖြင့် Xiao Zhan က လှမ်းခေါ်တော့
"ဘာအထုတ်တွေသယ်လာတာလဲ ကလေး"
YiBo လည်းထိုင်ရာမှထကာမနိုင်မနင်းဖြစ်နေတဲ့သက်ဆိုင်သူလေးအနားကပ်ပြီးလက်ထဲမှအထုတ်တွေကိုယူကာဧည့်စားပွဲအပေါ်တင်လိုက်ရသည်။
ကောင်ငယ်လေးကတော့သူ့ဆောင်းထားတဲ့အုပ်ထုတ်ကိုချွတ်ကာ
"ဟူး ....အပြင်မှာရာသီဥတုကတကယ်ပူတာပဲ"
ညည်းညူပြလိုက်တော့တယ်။
"ဘာ ကလေးပူတယ်ဟုတ်လား ...."
YiBo တစ်ယောက်မျက်လုံးကိုခပ်ထန်ထန်ပြုကာလေသံမာမာဖြင့်မေးလိုက်တော့ Xiao Zhan မှာ လန့်သွားပြီး ဟုတ်မှန်ကြောင်းသာ ခေါင်းငြိမ့်ပြရသည်။
မျက်လုံးလေးကတော့ကလယ်ကလယ်ဖြင့်။
"ငါ့ကလေးကိုပူအောင်လုပ်လို့ အဲနေကြီးကို ကိုကိုရေနဲ့လှမ်းပက်လိုက်ရမလား"
ရပ်လျက် ထိုင်နေတဲ့ Xiao Zhan ရဲ့ ဆံပင်လေးအားပွတ်သတ်ကာမေးလေသည်။
"ကိုကိုကနောက်တယ်"
"မနောက်ရပါဘူး။တကယ်လုပ်လိုက်မှာ"
ကောင်ငယ်လေးနံဘေး၀င်ထိုင်ရင်းမေးကိုလှမ်းဆွဲယူကာခပ်တိုးတိုးလေးကပ်ပြောလိုက်သည်။
"ကိုကို နေ့လည်စာမစားရသေးဘူးထင်လို့ အပြင်ကနေ အဆာပြေ KFC ကြက်ကြော်နဲ့ Coca-Cola ၀ယ်လာပေးတယ်"
"အာ သိတတ်လိုက်တာ။"
ပါးလေးကိုလှမ်းဆွဲကာညှစ်ယူပြီးဆိုလေတော့ ကောင်ငယ်လေးရဲ့ နှုတ်ခမ်းဖူးဖူးတို့မှာ အရှေ့သို့စူလျက်။