Part 16

1.9K 185 5
                                    

မနေ့ညက နှစ်ယောက်သား ညဉ့်နက်သည်ထိ night out dateခဲ့ကြသည်မို့ မနက် အိပ်ရာစောစောမထနိုင်ပေ။
Jungkookတစ်ယောက် အိပ်ရာနိုး၍ မျက်လုံးဖွင့်လိုက်သည်နှင့် ရင်ခွင်ထဲသို့ အတင်းတိုး၀င်နေသောJiminကြောင့်ပြုံးလိုက်မိသည်။ Airconကို အမြင့်ဆုံးဖွင့်ထားတာရော ဒီဇင်ဘာလရဲ့ မနက်ခင်း ရာသီဥတု အအေးဓာတ်ပါ ရောနှောနေကာ ခန္ဓာကိုယ်ထဲထိ ချမ်းစိမ့်နေတာမို့ Jiminတစ်ယောက်ကတော့ ခရုလေးကဲ့သို့ပင် ဂျောင်ကြီးရင်ခွင်ထဲ တရွေ့ရွေ့တိုး၀င်နေမိသည်။
Jungkookကတော့ မနက်နေရောင်ခြည် ကျရောက်နေသော အခန်းထဲ၀ယ်  ရင်ခွင်ထဲရှိခရုပေါက်လေးကို အချိန်အတော်ကြာ စိုက်ကြည့်နေမိသည်။
အချိန်အတော်တန်ကြာသောအခါ သူ့ခရုပေါက်လေးရဲ့ မျက်ခွံလေးတွေလှုပ်ကာ လူးလွန့်လာသည်။

မျက်လုံးဖွင့်လိုက်တာနဲ့ မိမိကိုစိုက်ကြည့်နေသော Jungkookရဲ့ မျက်လုံးဝိုင်းဝိုင်းကြီးတွေကြောင့် Jiminအနောက်ကိုဆုပ်လိုက်မိသည်။
"ဟို....Jeonအလုပ်မသွားဘူးလား"
အနေခက်လို့ စကားရှာကာ မေးလိုက်ပေမဲ့ ပြန်မဖြေဘဲ စိုက်ကြည့်နေသေးသောကြောင့် ပိုလို့ပင်အနေခက်လာပြီး မျက်နှာများပါ ရဲတက်လာမိသည်။

Jungkookတစ်ယောက် မိမိရှေ့ရှိ မျက်နှာရဲကာ အနေခက်နေသော Jiminကို လက်မှဆွဲကာ သူ့ရင်ခွင်ထဲသို့ ပြန်ဆွဲထည့်လိုက်သည်။
မနက်ခင်းနေရောင်ခြည်အောက်တွင် ဘာမှလိမ်းခြယ်ထားခြင်းမရှိတဲ့ Jiminရဲ့မျက်နှာလေးဟာ ကြည်လင်နေသည်။နဂိုမူရင်း ရဲနေသောပါးလေးတွေဟာလည်း အခုချိန်တွင် ပိုလို့ပင်ရဲနေသည်။
ကိုယ်၀န်ရှိပြီးမှ ပိုလှလာတာများလား။ ရှေးလူကြီးတွေပြောတာတော့ မိန်းကလေးမွေးမယ်ဆိုရင် ကိုယ်၀န်ဆောင်က ပိုနူးညံ့ ပိုလှလာတတ်တယ်တဲ့။

"Hyungက.....သမီးလေးမွေးမှာထင်တယ်"
"ဟင်"
ရုတ်တရက် ကလေးအကြောင်းပြောလာသည်မို့ Jiminကြောင်သွားမိသည်။
"Hyungမွေးမဲ့ကလေးက...မိန်းကလေးဖြစ်မယ်ထင်တယ်လို့"
"ဘာလို့လဲ...Jeon ဘယ်လိုသိတာလဲ"
သိချင်လာတာမို့ ရင်ခွင်ထဲကနေထွက်ကာ မေးလိုက်မိသည်။
"ဟင်း....ဒီတိုင်းပဲ"
မဖြစ်ပါ...Jiminက သူ့ရဲ့ ကလေးဦးကို သားယောက်ျားလေး ဖြစ်စေချင်တာကို။
"မဟုတ်ပါဘူး... Hyungက ယောက်ျားလေးမွေးမှာ"
ထူးဆန်းစွာပင်..မွေးမည့်ကလေးကို ယောက်ျားလေးမွေးမည်ဟုပြောလာသောကြောင့် Jungkookမျက်ခုံးပင့်မမိသည်။
"Hyungကရော ဘယ်လိုလုပ်သိတာလဲ"
"ဒီတိုင်းပဲသိတာ"
"အဲ့တာဆိုရင်တော့ မဟုတ်လောက်ဘူး...ကျွန်တော်ကြည့်ရသလောက်တော့ မိန်းကလေးမွေးမဲ့ပုံပါ"
"ယောက်ျားလေးပါဆိုနေမှ...ယောက်ျားလေးမွေးမှာပါဆိုနေမှပဲ.."
ကတ်ကတ်လန်ကာ...ယောက်ျားလေးပဲမွေးမည့်အကြောင်းကို ပြန်ပြောနေသောJiminကြောင့် Jungkookစချင်လာသည်။
"မိန်းကလေးပါ....Hyung မိန်းကလေးမွေးမှာ...သေချာတယ်"
အလျော့မပေးဘဲ စကားနိုင်လုနေတဲ့ Jungkookကြောင့် Jiminတရှုးရှုးတရှဲရှဲဖြစ်လာရသည်။
"ယောက်ျားလေးပဲမွေးမှာပါဆိုမှ....Jeonက ဘာလို့အဲ့လောက်သိနေတာလဲ...တိတ်တိတ်ပုန်းမိန်းမတွေ ဘာတွေရှိနေလို့လား"
"ဟောဗျာ...ဘာမှလည်းမဆိုင်ဘူး"
မနိုင် နိုင်တဲ့နည်းနဲ့ ရစ်လာသော Jimin...
"ဆိုင်တာပေါ့....ငါက ကိုယ်၀န်ဆောင်တဲ့သူလေ..အဲ့တာကို Jeonက ငါ့ထက်ပိုပြီး သိနေလို့....တိတ်တိတ်ပုန်းမိန်းမ ကလေးမွေးဖူးလို့လားမှမသိတာ"
"ဟား...ဟား.."
နှုတ်ခမ်း ‌တထော်ထော်နဲ့ မဟုတ်မဟက်တွေ ပြန်ရန်တွေ့နေတဲ့ Jiminကြောင့် Jungkookအသံထွက်အောင်ရီမိသည်။ဒါကို  Jiminက ဘုကြည့်ကြည့်ကာ
"ဘာရီတာလဲ....ငါ့ကိုလှောင်တာလား...ယောက်ျားလေးမွေးမှာလို့ ပြောတာကို လှောင်တယ်ပေါ့"
"မဟုတ်ပါဘူး...မလှောင်ပါဘူး
မိန်းကလေးမွေးမယ်ပြောတာ...Hyungက ပိုလှလာလို့လေ...စိတ်လည်း အရမ်းကောက်တတ်လာတယ်..အခုပဲကြည့် ကျွန်တော့်ကို စိတ်ကောက်နေတာ"
ပြုံးစစနဲ့ ပြောလာသောJungkookစကားများကြောင့်...Jimin..တဖန်ရှက်လာမိပြန်သည်။
အခုတလော..Jeonက သူ့ကိုရှက်အောင်သိပ်လုပ်တာပဲ။
"တော်ပါ...ငါ့ကို စကားနိုင်လုနေပြီးတော့..ခုမှလာပြီး လှလာတယ်တွေ ဘာတွေမပြောနဲ့..။အခုရော အလုပ်မသွားဘူးလား...ဘာလဲ ငါနဲ့ ကလေးကို ငတ်အောင်ထားမလို့လား"
ရှက်ရမ်းရမ်းပြီး လှည့်ပတ်ရန်ထောင်နေတဲ့Jiminကြောင့်...Jungkookအပြုံးတွေ အတော့မသတ်တော့ပေ။
"နာရီကိုကြည့်ပါအုံးဗျ...၁၁ထိုးနေပြီလေ..အလုပ်ကဒီအချိန်မှ ဘာသွားလုပ်တော့မှာလဲ...ပြီးတော့ Hyungယူထားတဲ့ Jungkookဆိုတဲ့ ကျွန်တော်ကCEOနော်...Hyungတို့သားအဖကို ငတ်အောင်မထားမဲ့အပြင်...နောက်ထပ်ကလေးတွေပါယူလို့ရသေးတယ် သိလား"
ရှက်နေပါတယ်ဆိုမှ ထပ်ကာထပ်ကာစလာသောJungkook။
မျက်နှာကြီးကိုက ပြုံးဖြီးနေတာ...
"တော်ပြီဟာ...Jeon Jungkook...နှာဗူးကြီး...ငါ့ကိုကလေးနဲ့ဆိုပြီး အလျော့လည်းမပေးဘူး"
ကုတင်ပေါ်မှ ထကာ ပြောချင်ရာပြောပြီး ရေချိုးခန်း‌ထဲ အတင်းပြေး၀င်သွားတဲ့Jiminကြောင့် Jungkookတစ်ယောက် အကျယ်ကြီး အော်ရီရင်းသားကျန်ခဲ့တော့သည်။

Hold Me TightNơi câu chuyện tồn tại. Hãy khám phá bây giờ