Part 15

2.4K 204 7
                                    

Jeon...jeon..jeon"
Jiminရဲ့ အော်ခေါ်သံကြောင့် jungkookအပေါ်ထပ်သို့အပြေးတက်သွားလိုက်သည်။အပေါ်ထပ်သို့ရောက်သောအခါ ကုတင်ပေါ်မှာထိုင်နေတဲ့jiminက သူ့ကို မျက်ရည်စတွေပြည့်နေတဲ့မျက်လုံးများဖြင့်ကြည့်‌နေသောကြောင့် jungkookပိုပြီး ထိတ်လန့်သွားမိသည်။

Jiminဟာ jungkookရောက်လာသည်ကို မြင်သည်နှင့် အတင်းပြေးဖက်ကာ ငိုနေမိသည်။နှုတ်မှလည်း ထားမသွားပါနဲ့ဆိုတဲ့စကားကို အကြိမ်ကြိမ်ရွတ်ရင်းပေါ့...
Jungkookကလည်း သူ့ကိုဖတ်ကာငိုနေသောjimin ဘာဖြစ်တယ်ဆိုတာကို အခုထိ နားမလည်နိုင်ပေ။ ထားမသွားပါနဲ့လို့ ပြောနေသောjiminစကားကိုလည်း ‌ဘာကြောင့်ပြောတာလဲဆိုတာ ဝေခွဲမရ။
သူအလုပ်ကပြန်လာတယ် ပြီးတော့ ညစာချက်နေတယ် ဒါပဲလေ..သူဘာအမှားလုပ်မိလို့လဲ...သူပြန်လာတော့လည်း jiminကအိပ်နေတာ...
အာ...သိပြီ jimin အိပ်မက်ဆိုးမက်လို့နေမယ်။
စဉ်းစားခန်းဖွင့်ပြီးသည်နှင့် မိမိကို တင်းတင်းကျပ်ကျပ် ဖတ်ကာငိုနေသော jiminရဲ့ခါးလေးကို ပြန်ဖတ်လိုက်ပြီး ကျောလေးကိုပုတ်ပေးနေလိုက်သည်။ငိုသံတွေရပ်ပြီး ရှိုက်သံလေးပဲရှိတော့မှ jiminကို ဖတ်ထားရာမှခွာလိုက်ပြီး အမေးစခန်း စတင်လိုက်သည်။
"ဘာလို့ ငို‌တာလဲ ကျွန်တော့ကို ပြောပြ‌လေ...ဟို ထားမသွားနဲ့ဆိုတာရောပဲ...အိမ်မက်မက်လို့လား"
သူမေးလိုက်ကာမှ အငိုရပ်နေတဲ့jiminမျက်လုံးများဟာ...သူ့ကိုမော့ကြည့်နေရင်းမှ ပြန်လည်စိုစွတ်လာခဲ့သည်။ထိုအခါမှ jungkookက ပြာပြာသလဲဖြင့်
"ဟိတ် မငိုတော့နဲ့လေ...ရတယ် မပြောပြချင်လဲ...ငိုတော့မငိုတော့နဲ့"
ထိုအခါ jiminကရုတ်တရက် jungkookရဲ့ရင်ဘက်ကို ထုရိုက်ရင်း
"မကောင်းတဲ့ကောင်ကြီး.....ငါ့ကိုထားသွားတယ်.....မကောင်းတဲ့ကောင်"ဟုပြောနေလေသည်။
jiminသူ့ရင်ဘက်ကို ထုရိုက်နေသော်လည်း jungkookမှာတော့ ပန်းနဲ့ပေါက်နေသည့်အလား။
သူကတော့မနာပေမဲ့ ထုရိုက်နေတဲ့jiminလက်နာမည်ကိုဆိုး၍ jiminရဲ့လက်ကို ချုပ်ကိုင်လိုက်ပြီး မျက်လုံးများကို သေချာစိုက်ကြည့်လိုက်ရင်း
"ကျွန်တော်က မကောင်းတဲ့လူပေါ့....hyungကို ဘာမှလည်းမလုပ်ရသေးဘူး...ဘာလို့မကောင်းတဲ့လူဖြစ်တာလဲ"
Jungkookရဲ့အရှေ့မလွတ်အနောက်မလွတ်အမေးကြောင့် jiminဟာ jungkookချုပ်ကိုင်ထားသော သူ့လက်များကို ရုန်းရင်း
"လွှတ်ပေး"
ထိုအခါမှ jungkookလည်း jiminလက်ကိုလွှတ်ပေးလိုက်သည်။ jungkookသူ့လက်ကိုလွှတ်ပေးလိုက်သည်နှင့်
"နှာဘူး‌ကောင်"ဟုဆိုရင်း မျက်စောင်းထိုးကာ ၀ရံတာဘက်သို့ထွက်လာလိုက်သည်။
Jungkookလည်း သူ့ကိုမျက်စောင်းထိုးရင်း ထွက်သွားပြီး ၀ရံတာတွင် ရပ်နေသော jiminရဲ့ ခါးလေးကို အနောက်ကနေဖတ်လိုက်ရင်း ပခုံးပေါ်မျက်နှာလေးအပ်ထားလိုက်သည်။သူဖတ်လိုက်တာနဲ့ jiminဟာ အလိုက်တသိ jungkookရင်ဘက်ကို နောက်ပြန်မှီလိုက်သည်။
အချိန်အတော်ကြာ ငြိမ်သက်နေရင်းမှပင် jungkookကပဲ ငြိမ်သက်မှုကိုဖြိုခွဲကာ....
"ကျွန်တော့်ကိုပြောပြလေ ဘာလို့ငိုတာ..အိမ်မက် မက်လို့လား"
"အင်း...အိမ်မက်က အရမ်း၀မ်းနည်းစရာကောင်းတယ်"
"ဟုတ်လား....hyungအိပ်မက်ထဲမှာ ကျွန်တော်က မကောင်းဘူးပေါ့"
"ဟုတ်တယ်....jeonက မကောင်းဘူး...ငါ့ကိုထားပြီး ထွက်သွားတယ်"
"ဟင်....ဟုတ်လား..ကျွန်တော်က hyungကိုထားသွားတယ်ပေါ့.."
"အင်း...ငါက ငိုပြီးတောင်းပန်နေတာတောင်...jeonကငါ့ကိုထားသွားတယ်"
ထိုအခါ jungkookက jiminရဲ့ပခုံးလေးကိုကိုင်လိုက်ပြီး မျက်နှာချင်းဆိုင်ဖြစ်အောင်လှည့်လိုက်သည်....ခါလေးကိုတော့ တင်းတင်းကျပ်ကျပ်ဖတ်ထားရင်းပေါ့...
အရပ်အနေထားကွာခြားမှုကြောင့် သူ့ကိုမော့ကြည့်နေသော jiminမျက်၀န်းများကို သေချာစိုက်ကြည့်လိုက်ရင်း
"ထားသွားတယ်ဆိုတာ ....အိမ်မက်ထဲမှာပဲဖြစ်တာ .....ကျွန်တော်ကတိပေးတယ်...hyungကိုရော နောက်ထပ်ရောက်လာမဲ့ hyungဗိုက်ထဲက ကျွန်တော့ ကလေးလေးကိုရော ဘယ်တော့မှထားမသွားဘူး...ပြီးတော့ အိမ်မက်ဆိုတာ ပြောင်းပြန်ကောက်ရတယ်...အိမ်မက်ထဲမှာ ထားခဲ့မယ်ဆိုရင်..အပြင်မှာထားမသွားဘူးတဲ့...ယုံတယ်မလား ကျွန်တော်ပေးတဲ့ကတိကို"
Jiminဟာလည်း jungkookရဲ့မျက်လုံးများကို ရွှန်းရွှန်းစားစား သေချာပြန်စိုက်ကြည့်ရင်း
"အင်း...ယုံတယ်..jeon"
နှစ်ဦးသား အပြန်အလှန် ကတိတွေပေးပြီးနောက်တော့ jiminဟာ ၀ရံတာရှိ အပြင်လေထုများရဲ့ အအေးဒဏ်ကိုဘေးချိတ်ကာ နွေးထွေးသော jungkookရင်ခွင်ထဲမျက်နှာအပ်ရင်း တစ်ယောက်နဲ့တစ်ယောက် တင်းတင်းကျပ်ကျပ်ဖတ်ထားကာ အချိန်ကြာကြာမတ်တပ်ရပ်နေကြသည်။

Hold Me TightDonde viven las historias. Descúbrelo ahora