*မေ့ပစ်ခဲ့တယ်*
"ဒီမှာလာတက်ရင် ဒီကသင်ပေးသမျှ ခေါင်းထဲရောက်ရမယ်
အောင်လတ်မှတ်ချီးမြှင့်ခံရတဲ့သူဟာ တကယ်အောင်မြင်စွာ
တက်ရောက်တဲ့သူဖြစ်ရမယ် ကျနော်ပြောတာသဘောပေါက်တယ်နော်.....""ဟုတ်ကဲ့ပါဆရာ......... အားလုံးဒီအတိုင်းပဲဆောင်ရွက်နေကြပါတယ်"
"ဒီမှာအောင်မြင်လာတဲ့သူကို Company မှာပြန်ခန့်မှာ
မို့လို့ ကျနော့်ရှေ့ရောက်လာတဲ့သူဟာ အောင်လတ်မှတ်စာရွက်
ကိုကိုင်လာတဲ့သူမဖြစ်စေချင်ဘူး စီမန်ခန့်ခွဲမှုပညာကို
တကယ်တက်မြောက်နေမှရမှာ"သူ့ရဲ့စကားအဆုံးခေါင်းဆောင်ဆိုသူဟာ
"ဟုတ်ကဲ့ စိတ်ချပါ Boss Company ကဖွင့်ထားတဲ့သင်တန်းမို့လို့ တစ်ခြားသင်တန်းတွေလို
မဖြစ်စေရပါဘူး ..........အထူးဂရုစိုက်ပါမယ်""ဟုတ်ပြီအားလုံးသွားလို့ရပြီ"
သူ့ရဲ့စကားအဆုံးမှာပဲဒီအခန်းထဲမှာသူတစ်ယောက်ထဲကျန်ခဲ့တယ်
သူနာရီကြည့်လိုက်ပြီး အတွင်းရေးမှူးကိုမှာစရာရှိတာမှာသည်
ထိုစဉ် ဧည့်သည်ရောက်နေကြောင်းအကြောင်းကြားလိုက်သဖြင့်"လွှတ်လိုက်....."
သူဟာခွင့်ပြုလိုက်တာနဲ့ ရှေ့ကိုရောက်လာသူဟာ
ရှင်းလေး..........."ဟော....."
"ဟုတ်ကဲ့ အစ်ကို"
ရှင်းလေးမျက်နှာဟာ အားတုံ့အားနာ အပြုံးတို့မရဲတရဲနှင့်
"ကျနော်အပြင်ကနေစောင်နေသင့်တာနော် ........
ဟိုအစ်ကို့ကို တွေ့ဖို့ဒီလောက်ထိကျော်ဖြတ်ရမှန်းသိရင်""ဪ ရပါတယ်......ဒါက Company ကိစ္စဆွေးနွေးတဲ့ အချိန်မို့လို့ပါ ထိုင်လေကွာ"
ရှင်လေးကပြောပြီးသည်နှင့် ကားသော့ကိုကိုင်ကာခုံမှာဝင်ထိုင်သည်
"အစ်ကို့ကို အားနာလို့ပါ ကျနော်ကအထွေအထူးကိစ္စမရှိဘဲ
ဝင်လာတာဆိုတော့.....""ဟုတ်လား ဒါဆိုရင်တော့ မင်းစောင့်ရမှာ သိတဲ့အတိုင်းပဲလေ
ကိုယ်ကအခုထွက်သွားလိုမရသေးဘူး"
YOU ARE READING
~~{ Nge Nge }~~
Fanfictionရင်ထဲကအမည်မသိတဲ့ဖြစ်ရပ် ~~ပတ်သက်ခဲ့ဖူးတဲ့အတိတ်ဟာ..... ~~ချိုမြိန်ခြင်းလည်းမရှိခဲ့ဘူး..... ~~ပျော်ရွှင်စရာလည်းမရှိခဲ့ဘူး..... ~~ဒါပင်မဲ့.....တစ်ခုတော့ရှိခဲ့တယ် ~~အမည်မသိတဲ့....အရာလေး ~~ကိုယ်တိုင်တောင်ဘာမှန်းမသိခဲ့ရလောက်အောင်..... ~~တိမ်မြုပ်နေတဲ့...