Part_1(Zawgyi)~(Unicode)

893 43 2
                                    

*Nge Nge*

(Part_1)

*ပိုးဟပ်ဖြူလေးအားတွေ့ ရှိချင်း*

မိုးစက်တို့ကအင်းအားကောင်းလွန်းသဖြင့်  အမြန်နှုန်းနဲ့ဖယ်ရှားသုတ်ခါ
ပေးနေတဲ့ ဝိုက်ဘာကလည်း ခြေကုန်လက်ပန်းကျနေပြီ
လေနှင့်ရောသော မိုးသံကလည်း တဝုန်းဝုန်းနဲ့ တိုက်ခတ်နေတယ်
စိတ်ညစ်ပေါင်းများစွာဟာအစီအရီပါ

"ဒုန်း...."

လူကိုလန့်ဖျန့်သွားတာပဲ ဘာလည်း ဘာလည်း ဘာကြီးတိုက်မိတာလည်း ရုပ်ရှင်တွေထဲကလို သရဲလား ဘာလား

"အား..."စိတ်ညစ်ပေါင်းများစွာနဲ့ဘာမှန်းမသိတဲ့အရာပေါ်ပုံချလိုက်တယ်

"တောက်...ငါကွာ"

ဘာလည်းမသိတော့ခတ်တယ် ရှုပ်ပါတယ် ဆင်းပြီးကြည့်လိုက်တယ်
အို့......စိတ်ထဲမှာမသိမသာတိုလိုက်တယ်
ဘာကောင်လေးလည်း ဖြူဖြူအုအုလေး

"ဟင်......လူ လူ လူဟ"

လူသာပြောပါတယ် ဖြူဖတ်နေတာပဲ ဘာဖြစ်ထားတာလည်း
တစ်ကိုယ်လုံးကြည့်တော့ လက်သီးဆုပ်စာမရှိ သေးကွေးနေတာပဲ
ကျုံ့ကျုံ့လေးမေ့နေတာ အယ် တကယ်ရောမေ့နေတာလားမသိဘူး

"ဟိတ်.."

တခါနဲ့နိုးမလာ

"ဟိတ်...."

နည်းနည်းတော့ကြောက်တယ် ကိုယ့်ကားနဲ့တိုက်မိလား မတိုက်မိလား
လည်းမသိ "ဟူး"

"အိမ်ခေါ်သွားရမှာပဲ"

နောက်ဆုံးတော့ဆုံးဖျတ်ချပြီး ပွေ့ လိုက်တယ် လူရောဟုတ်ရဲ့လားမသိဘူး သူ့အိမ်ကဘာမှမကျွေးဘူးလား
ပွေ့ ပြီးကားပေါ်တင်လိုက်တယ် မေ့နေတဲ့လူသားကမေ့နေတုန်းပါပဲ
အခုမှသေချာကြည့်မိတယ် ထိုလူသားက
ဖြူဖတ်နေတဲ့အသားရယ် ဖောင်းဖောင်းလေးဖြစ်နေတဲ့ပါးလေးရယ်
ကလွဲပြီး။ ကျန်တဲ့နေရာချစ်စရာမကောင်းဘူး
လူကအရိုးပေါ်အရေတင်လေ ကြည့်ပါဦး
ကြည့်ရင်းကြည့်ရင်း သနားတောင်လာပြီ
အချိန်လည်းနောက်ကျနေပြီ မားကစောင့်နေလိမ့်မယ်
ကားကိုအတက်နိုင်ဆုံး အမြန်မောင်းလာခဲ့တယ်

"ကျွီ"

ကားပေါ်ကဆင်းဆင်းခြင်း ထိုလူသားလေးကို‌ ပွေ့ ပြီးအိမ်ထဲ့ ခေါ်လာခဲ့တယ် ဒေါ်အန်းကဝင်လာချင်းမေးတော့တာပဲ

~~{ Nge Nge }~~Where stories live. Discover now