💗Ep-2💗

32 6 0
                                    

<Zawgyi>

တီတီတီတီတီတီတီ⏰(နှိုးစက်သံ)

ရှောင်းကျန့်နှိုးစက်သံ ကြားတာနဲ့ အိပ်ရာပေါ်ကနေ ဆင်းပြီး
မျက်နှာသစ်သွားတိုက်လုပ်ရတော့တယ်
ပြီးတာနဲ့ မီးဖိုချောင်ထဲတန်းဝင်ပြီး အခြားအစေခံတွေနဲ့အတူမနက်စာပြင်ပေးရတယ်
ထမင်းစားဝိုင်းမှာ မနက်စာပြင်နေတုန်း ရိပေါ်ရောက်လာတယ်

"သခင်လေး..နိုးလာပြီလား.."

"အင်း.."

ရိပေါ်သောက်နေကျ ကော်ဖီ ကိုရှောင်းကျန့်ပြင်ပေးပြီး သင်တန်းသွားဖို့ သူ့အခန်းထဲ ဝင်သွားတယ်(ဒီနေ့ သင်တန်းတက်ရမဲ့နေ့)
ရိပေါ်ကတော့ ကော်ဖီသောက်ပြီး အလုပ်သွားဖို့ ပြင်တာပေါ့
ရှောင်းကျန့် ပြင်ဆင်ပြီးထွက်လာလိုက်တယ်
ရှောင်းကျန့်ဝတ်ထားတာက အင်္ကျီအဖြူအပါးကိုမှ အပေါ်က လက်ရှည် အမဲလေးနဲ့ ဂျင်းဘောင်းဘီ အရှည်လေးက ပိုပြီးပြည့်စုံနေတာပါ့
လူငယ်ဆန်ဆန်ပုံစံလေး

(ရှောင်းကျန့်တက်တဲ့သင်တန်းက အလုပ်လုပ်ရင်အထောက်အကူဖြစ်စေမယ့် သင်တန်းတစ်ခုပါ ဝမ်သခင်မကြီးက မတက်စေချင်ပေမယ့် ဝမ်သခင်ကြီးနဲ့ ရိပေါ်က ပြောလို့ လွှတ်ပေးထားတာပါ)

"အမတို့(အမတို့ဆိုတာ ဝမ်အိမ်တော်ရဲ့ အလုပ်သမားတွေပါ ကောက သူ့ထက်အသက်ကြီးလို့ အမလို့ခေါ်တာပါ)ကျနော်သွားပြီ.."

"အေး..အေး..ဂရုစိုက်သွားအုံး"

"ဟုတ်ကဲ့"

ရှောင်းကျန့်က သင်တန်းကို စက်ဘီးနဲ့သွားနေကျပေမယ့်
ဒီနေ့ ရိပေါ်ကလိုက်ပို့မယ်ဆိုတော့ ရှောင်းကျန့်တို့ပျော်ရွှင်နေတာပေါ့

"သခင်လေး..ပြီးပြီလား..သွားကြမယ်"

"အင်း..."

ကားပေါ်မှာ ပျော်ရွှင်နေတဲ့ကောင်လေးနဲ့ ရေခဲတုံးတောင် အရှုံးပေးရတဲ့ နောက်ထပ်ကောင်လေးတစ်ယောက်တို့ ရှိလေတယ်
ကျောင်းရောက်တော့ ရှောင်းကျန့်ကားပေါ်က ဆင်းပြီး ရိပေါ်ကို မေးလိုက်တယ်

"သခင်လေး..ညနေကျရင်..ကောကို လာကြိုမှာမလား"

"လာကြိုဖြစ်ရင်..လာကြိုမယ်"

အမုန်းတရား💔Where stories live. Discover now