Chapter - 1

1.4K 99 2
                                    

ကုတင်ပေါ်မှာ လှဲလျောင်းနေရင်း ပြတင်းပေါက်မှ အပြင်ဘက်သို့ သူခပ်တွေတွေ ငေးမောကြည့်နေသည်... အပြင်ဘက်မှာ ကတော့ မိုးခပ်ဖွဲဖွဲ ရွာနေသည်.... အပြင်ဘက်ရှိ သစ်ပင်များယိမ်းနွဲ့နေရာသို့ ငေးမောနေရာမှ ပြတင်းပေါက်မှန်ပေါ်တင်နေတဲ့ ရေစက်လေးတွေ လျှောကျသွားရာ လမ်းကြောင်းကို လိုက်ကြည့်နေမိပြန်သည်....

*ဟော ဟိုဘက်ကရေစက်လေးနဲ့ ဟိုဘက်ကရေစက်လေးနဲ့ ပေါင်းသွားပြီ.... နောက်ထပ်ရေစက်လေးတစ်စက်က အရင်ရေစက်လေးနေရာကို အသစ်ရောက်လာပြန်ပြီ... အယ် နောက်တစ်ခုနဲ့ထပ်ပေါင်းသွားပြန်ပြီ*..... သူတစ်ယောက်တည်း တွေးတောနေမိသည်...

တစ်နေ့တစ်နေ့ အဖြူရောင်သုတ်ထားတဲ့ နံရံလေးဘက် ကာရံထားပြီး ပြတင်းပေါက်လေးတစ်ပေါက်ကနေသာ အပြင်လောကကို ထိတွေ့ခွင့်ရနေတဲ့ သူ့အတွက်တော့ မိုးရေစက်လေးတွေကလည်း သူ့အတွက်ဆော့စရာဖြစ်သလို နေရောင်ခြည်တန်းလေးနဲ့ တစ်ခါတစ်ရံ ပြတင်းပေါက်ကသံတိုင်လေးတွေမှာ လာနားတတ်တဲ့ ငှက်ကလေးတွေကလည်း သူ့အဖော်ပါပဲ....

ဘယ်တုန်းကတည်းက သူဒီအခန်းထဲရောက်နေတာလဲ? ဘယ်တုန်းကလည်း ဆိုတာကိုတော့ အတိအကျမမှတ်မိပေမဲ့ သူကိုယ်သူ လူမှန်းသိတတ်စအရွယ် ကတည်းကပဲ ဖြစ်လောက်တယ်... ဘာလို့လဲဆိုတော့ သူ့မှတ်ဥာဏ်ထဲမှာ ဒီအခန်းအပြင်မရှိဘူးလေ... ဘာအတွက် သူဒီအခန်းထဲကို ရောက်နေတာလဲ? ဒါကတော့ သူကိုယိတိုင် သိချင်နေတဲ့ မေးခွန်းတစ်ခုပဲ... ပိတ်လှောင်ခံထားရတာလား? ဖြစ်ကောင်း ဖြစ်နိုင်ပါလိမ့်မယ်... ထွက်ပြေးဖို့ရော မကြိုးစားဘူးလား? ဘာအတွက်လဲ... ဘာအတွက်ကြောင့် သူထွက်ပြေးရမှာလဲ? သူ့ကိုစောင့်နေတဲ့သူရောရှိလို့လား? သူပြန်စရာရောရှိရဲ့လား? အဆိုးဆုံးကတော့ ပြောရင် ယုံကြမှာမဟုတ်လောက်ဘူး... ဒါပေမဲ့ သူ့မျက်နှာကို ဒီနေ့အထိ သူမမြင်ဖူးသေးဘူး... အခန်းထဲမှာ မှန်တစ်ချပ်မှ မရှိတာကိုး.. သူ့ကို အဖော်ပြုပေးနေတဲ့ ပြတင်းပေါက်ဆိုတာကလည်း ခေါင်မိုးနဲ့ထုလုနီးပါးဆိုတော့.....

ပြီးတော့သူ? သူဘယ်သူလဲဆိုတာတောင် သူ့ကိုယ်သူမသိဘူး... သူ့မှာ နာမည်တော့မရှိဘူး... ဒါပေမဲ့ သူ့အခန်းထဲကိုဝင်လာတဲ့သူ အချို့ကတော့ သူ့ကို ဂဏန်း နံပါတ်တစ်ခုတော့ ခေါ်သလိုပဲ.... ဟုတ်တယ်....

Vous avez atteint le dernier des chapitres publiés.

⏰ Dernière mise à jour : Sep 25, 2015 ⏰

Ajoutez cette histoire à votre Bibliothèque pour être informé des nouveaux chapitres !

Learn To Feel By HeartOù les histoires vivent. Découvrez maintenant