🌌 You Make Me Fix 🌌

2.4K 238 28
                                    

Unicode ✅

🌌 You Make Me Fix 🌌

📖••ငါဘယ်တော့သေရမှာလဲyoongi
လွတ်မြေက်ချင်ပြီဒီလိုမျိုး
အခန်းကျဉ်းထဲပိတ်လေှာင်မနေချင်ဘူးး••📖

မှတ်စုစာအုပ်လေးကိုင်ရင်း လှည့်ကြည့်လာတဲ့မိန်းကလေး။ တစ်ယောက်သူကတော့ ဆေးရုံခန်းတံခါး ပေါက်ဝမှာရပ်ကြည့်နေမိတယ်။ နောက်တော့သူ့ကိုတွန်းတိုက် ကာငိုပြီးထွက်သွားလေတယ်......။

မှတ်စုစာအုပ်လေးကိုလှန်ကြည့်မိတော့ ဓာတ်ပုံလေးတစ်ပုံ။ ထိုမိန်းကလေးနဲ့ကောင်လေး
တစ်ယောက် ကြယ်ကြည့်မှန်ပြောင်းလေးနားမှာတူတူတွဲရိုက်ထားတ‌ဲ့ဓာတ်ပုံလေး။ စာအုပ်မှာရေးထားတဲ့စာလေးတစ်ကြောင်း....။

📖••••စိတ်ဓာတ်ကျတဲ့အရာကြီး
ကြီးစိုးလာရင်...ထွက်ပေါက်ရှာ
မိမှာဘဲ.... ••••📖

စာအုပ်ကိုအမြန်ချကာ နောက်ကလိုက်သွားသော်လည်း ပေတရာလမ်းမကြီးပေါ် သွေးအိုင်ထဲလဲကျနေတဲ့ ဆေးရုံဝတ်စုံအဖြူလေးနဲ့မိန်းကလေးဟာအသက်မဲ့လျက်....။

"noona!!!!!!!!"

ချွေးစည်းတွေထွက်ကာအသံကုန်ဟစ်၍အော်မိတဲ့ချိန် ကြည့်မိတော့ နေတောင်တော်တော်မြင့်နေပြီပဲ။ ဆက်မအိပ်တော့ဘဲကျောင်းသွားဖို့သာပြင်ဆင်လိုက်သည်။ ပြင်ဆင်ပြီးတာနဲ့စာကြည့်
စားပွဲကထိုင်ခုံမှာချိတ်ထားတဲ့လွယ်အိတ်ကိုလွယ်ကာထွက်ခဲ့သည်...... ။

"omma သားကျောင်းသွားတော့မယ်.... "

"အင်းးကောင်ကောင်းသွား"

ဝတ်ကျေတန်းကျေနှုတ်ဆက်ရင်း noonaမရှိကတည်းကတိတ်ဆိတ် ညစ်သက်မှုကြီးစိုးနေတဲ့အိမ်လေးထဲကထွက်ခဲ့တယ်။ noonaဆုံးပြီးနောက်ပိုင်းအစိုးရိမ်လွန်တဲ့ommaက သူအနေအေးပြီး လိုတာထက်ပိုစကားမပြောတတ်တာကိုမသိတော့တာလား...။

အမြဲပြောတတ်တဲ့စကား
တစ်ခွန်း"ကိုယ့်ကိုယ့်ကိုတော့ မသတ်သေလိုက်ပါနဲ့"တဲ့...။

noonaကသတ်သေခဲ့တာမဟုတ်ဘူး။ မတော်တဆမှုပါလို့ပြောနေတဲ့ ကျနော်ကိုယ်တိုင်ကလဲ မသေချာမရေရာပါဘဲမတော်တဆမှုပါလို့၊ အခုထိယုံကြည်နေတုန်းဘဲ...။

🔮☻︎ 𝚈𝚘𝚘𝚗𝚖𝚒𝚗 𝙿𝚊𝚛𝚊𝚍𝚒𝚜𝚎 ☻︎🔮 [ 𝐒𝐡𝐨𝐫𝐭 𝐅𝐢𝐜 𝐎𝐧𝐥𝐲 ]Where stories live. Discover now