🌻 Nature Vibes 🌻 2

2.6K 337 98
                                    

Unicode

🌻 Nature Vibes 🌻

ထို့လူဂွသာက အိမ်မှာ တလအတိတိ နေမယ်တဲ့လား။ ပြီးတော့သူနဲ့အတူတူ စိုက်ခင်းအလုပ်တွေလဲ လုပ်မှာတဲ့။ စိတ်လေလိုက်တာ...။

မွေ့ယာထက်မှာ Jimin တယောက် သက်ပြင်းအကြိမ်ကြိမ် ချနေမိသည်။ Min Yoongi ဆိုတဲ့သူကို သူတစက်မှ ကြည့်မရပါ။ စတွေ့တဲ့နေ့ထဲက ကောင်းကျိုးမပေးတဲ့ လူကြီး...။

"ဟူး...မနက်ကျ စိုက်ခင်းထဲခေါ်သွားရအုံးမယ်"

တိုးတိုးလေး ရေရွတ်ပြီး အိပ်စက် အနားယူလိုက်သည်...။

စိုက်ခင်းထဲ သွားရမှာမို့ Jimin တို့ပုံမှန်အချိန်တိုင်း နိုးနေခဲ့သည်။ အချိန်အားဖြင့် မနက် ၅ခွဲ။  အခန်းထဲကနေ ထွက်လာတော့ Breakfast ၀ိုင်းမှာ မြင်နေရတဲ့ ဖေဖေနဲ့မေမေ...။

ဒါဆို ဟိုလူကြီးကကော? မဟုတ်မှလွဲရော မထသေးတာလား...။

အတွေးမဆုံးသေးဘူး မျက်စိရှေ့ရောက်လာတဲ့ ထိုလူကြီး။ အမယ် စောစောစီးစီး ထနိုင်သားပဲ။ စိုက်ခင်းထဲ သွားမှာကို ရှိုးစမိုးအပြည့် ပြင်ထားတဲ့ Yoongi ကြောင့် Jimin မျက်မှောင်ကြုတ်မိသည်...။

"ဒီပုံစံတိုင်း စိုက်ခင်းထဲလိုက်မှာလို့တော့ မပြောနဲ့နော်"

"ဒါပေါ့"

"ကျစ် ဒီပုံစံနဲ့ဘယ်လိုလုပ် အဆင်ပြေမှာလဲ အလုပ်သွားလုပ်မှာ ရှိုးသွားလျှောက်မှာမဟုတ်ဘူး အခုသွားပြန်လဲ"

ကိုယ်ပြောလိုက်တော့ ချက်ချင်းဆိုသလို မျက်နှာကြီး ရှုံ့တွလာတဲ့သူ။ ကြည့်ရတာ အလှပပ အတော်လေး ကြိုက်မယ့်ပုံပဲ...။

"ဘယ်လိုလုပ်မလဲ ငါ့မှာဒါမျိုးတွေပဲပါတာ"

"ဒိီနေ့တော့ ထားလိုက်တော့ မနက်ဖြန် အ၀တ်စားစီစဥ်ထားပေးမယ်"

"ကျေးဇူးပဲ"

"ဟက်...မလိုဘူး"

ထို့နောက် မနက်စာ အတူတူစားပြီး စိုက်ခင်းထဲကို နှစ်ယောက်သား ထွက်လာကြသည်။ ထူးဆန်တာ ဒိီနေ့ကျ သူမမောင်းဘူး။ ကျွန်တော်ကို မောင်းခိုင်းတယ်...။

စိုက်ခင်းထဲရောက်တော့ Jimin လဲ လုပ်စရာရှိတာလုပ်နေရင်းအချိန်ကုန်စေသည်။ Yoongi ကတော့ Jimin ဘေးမှာပဲ Jimin လုပ်သမျှ လိုက်ကြည့်လေရဲ့...။

🔮☻︎ 𝚈𝚘𝚘𝚗𝚖𝚒𝚗 𝙿𝚊𝚛𝚊𝚍𝚒𝚜𝚎 ☻︎🔮 [ 𝐒𝐡𝐨𝐫𝐭 𝐅𝐢𝐜 𝐎𝐧𝐥𝐲 ]Where stories live. Discover now