❣️အသည်းကွဲ ဒိုင်ယာရီ❣️ Ep-2

36 2 0
                                    

!!! Ringtone !!!

ဘောင်းဘီထဲမှဖုန်းလာနေသည်ကို သွေးသစ်ပိုင်ကိုင်လိုက်သည်။

"ဟဲလို...အမေ"
သွေးသစ်ပိုင်ဘေးတွင်ခက်ထန်ရှိနေသည်။သွေးသစ်ပိုင်ဖုန်းဆက်နေသသည်ကိုခက်ထန်ကကြည့်ပြီးဝမ်းနည်းသယောင်ဖြစ်သွားသည်။ဘာလို့လဲဆိုတော့ အမေဆိုတဲ့စကားလုံးကို မြတ်နိုးစွာခေါ်နေတဲ့အသံကြောင်ဘဲဖြစ်သည်။ သွေးသစ်ပိုင်လဲ ဝမ်းနည်းသယောင်ဖြစ်နေတဲ့ခက်ထန်ကိုတချက်လှည့်ကြည့်ပြီးဖုန်းဆက်ပြောနေသည်။

"သား...ပြန်မလာသေးဘူးလား"

"လာပြီအမေ လမ်းမှာ..."

"အေ့အေ့ မြန်မြန်လာခဲ့တော့နော် မင်းအမတို့ထမင်းချိုင့်ပို့ဖို့နောက်ကျမှာဆိုးလို့..."

"ဟုကဲ့အမေ အခုလာပြီ ဒါဘဲနော်"ဖုန်းချပြီးသည်နှင့် ခက်ထန်ကိုကြည့်ကာ စကားပြောလိုက်သည်။

"မင်းနာမည်က "

"......"

"ဟျောင့် မင်းနာမည်မေးနေတာ..."
သွေးသစ်ပိုင်ပြောတာကိုမကြားဘဲ ခက်ထန်စိတ်ထဲ အမေဆိုတဲ့စကားကြောင့်အတွေးလွန်နေတာမို့ သွေးသစ်ပိုင်လဲ နာမည်ထပ်မေးလိုက်တော့မှ ခက်ထန်လဲအတွေးလွန်တာရပ်ပြီး...

"အေ့...ငါ့နမည်က ခက်ထန်...မင်းနမည်ကရော"

"ငါ့နာမည်က သွေးသစ်ပိုင်"

"မင်းအိမ်ကခေါ်နေပြီမလား မြန်မြန်သွားလေ"

"အေ့ပါ မင်းနဲ့ငါခုသူငယ်ချင်းဖြစ်ပြီနော် ဒါငါ့ဖုန်းနိပါတ် 09#&#% မနက်ဖြန်ငါဆီဖုန်းဆက်လိုက် အပြင်မှာထပ်တွေ့ကြမယ် ငါသွားပြီ သူငယ်ချင်းအသစ်လေးရေ"

"အေးအေး,..."ခက်ထန်လဲ ဖုန်နိပါတ်ပေးသည်ကို ဖုန်ထုတ်ကာမှတ်ထားလိုက်ပြီ မွေးစားအဖေနဲ့အမေဆီ ပြန်လာခဲ့သည်။

**စစ်ကိုင်းမြို့ရဲ့ ကြီးကျယ်ခန်းနားလှတဲ့ ရတနာသိုက် စိန်ရွှေရတနာဆိုင်တွင်**

ဦးခင်ပုနှင့်ဒေါ်သေးသွယ်တို့ပိုင်ဆိုင်တာက ရတနာသိုက် စိန်ရွှေရတနာဆိုင်အပြင် မြို့အပြင်မှရှိတဲ့ ကုန်တိုက်၅တိုက်အပြင် အမြို့မြို့အနယ်နယ်ကနာမည်ကြီး ရုပ်ရှင်ရုံတွေပါပိုင်ဆိုင်ပါသေးတယ်။
သူတို့သည် ပိုင်ဆိုင်တဲ့အရာများလွန်းတော့ ပိုင်ဆိုင်တဲ့အရာတခုကိုမေ့ထားမိသေးသည်။
ဦးခင်ပု/ဒေါ်သေးသွယ်တို့၏ တစ်ဦးတည်းသောသား လွန်းခန့်အိမ်ဟာဆိုရင် မိဘတွေရဲ့မေတ္တာမရရှိပေမယ့် ပိုင်ဆိုင်မူ့အကုန်လုံးကသူ့နမည်နဲ့ လွဲထားပါတယ်။
လွန်းခန့်အိမ်ဟာဆိုရင် မျက်နှာဝိုင်းဝိုင်းလေးနဲ့ ဖြူဖွေးတဲ့အသားအရည်ရှိပြီး ခန္ဓာကိုယ်ကတော့ မိန်းကလေးတွေနဲ့ယှဉ်ရင် မိန်းကလေးတွေတောင်ရှုံးလောက်တယ်။
လွန်းခန့်အိမ်ဟာဆိုရင်သူ့ကိုပစ်ပယ်ထားတဲ့မိဘတွေနဲ့လဲမပက်သက်ချင်တာကြောင့် မြို့အစွန်လေးမှာ သီးသန့်အိမ်တစ်လုံးနဲ့သာနေထိုင်သည်။လွန်းခန့်အိမ်ဟာ အသက် ၁၈နှစ်ရှိပြီးစာတော်တဲ့ကျောင်းသားပါ တစ်နှစ်တစ်တန်းအောင်မြင်လာတာဟာ ခုဆို၁၀တန်းသို့ရောက်ရှိလာပါပြီ။
လွန်းခန့်အိမ်ဟာ ကျောင်းတက်ပေမယ့် သူငယ်ချင်းမရှိပေ။ လွန်းခန့်အိမ် ရေမိုးချိုးပြီး‌ေအာက်ထပ်မှာထမင်းစားနေစဉ်အိမ်တော်ထိန်ဝင်လာကာ...
"သခင်လေး..." ထိုသိုခေါ်လိုက်တော့ လွန်းခန့်အိမ်က ချိုသာစွာပြုံးပြပြီး

❣️အသည်းကွဲ ဒိုင်ယာရီ❣️Where stories live. Discover now