❣️အသည်းကွဲ ဒိုင်ယာရီ❣️Ep-4

10 2 0
                                    

နောက်တစ်နေ့ရောက်သော်၊......

မနက်နေရောင်ခြည်က ပြတင်းပေါက်မှတိုးဝင်လာသည်နှင့်၊ ခက်ထန်လဲနိုးလာခဲ့သည်။ဒီနေ့ဟာခက်ထန်အလုပ်ပိတ်ရက်ဖြစ်သည့်အတွက် သွေသစ်ပိုင်နဲ့တွေ့ရန် ဖုန်ကောက်ဆက်လိုက်သည်၊

"တူ၊...တူ၊...တူ..."

သွေးသစ်ပိုင်လဲ ဖုန်းလာသည်နှင့် screen ကိုကြည့်လိုသည်မှာ ခက်ထန်ဆိုတဲ့နာမည်ကြောင့် ချက်ချင်းပင်ကိုင်လိုက်သည်။

"ဟဲလို၊......"

"အေး၊...အပြင်မှာစကားပြောဖို့၊မနေ့ကငါ့ပြောထားတယ်မလား၊......"

"ဟုတယ်လေ၊ ငါမက်ဆေ့ ပို့လိုက်မယ် အဲ့နေရာကစောင့်၊ ငါခနနေထွက်လာခဲ့မယ်"

"ကောင်းပြီ၊..." ခက်ထန်လဲဖုန်းချလိုက်သည်နှင့် မက်ဆေ့ဝင်လာသည်။
ခက်ထန်နဲ့သွေးသစ်ပိုင်အခြေခံလူတန်းစားဖြစ်သည့်အတွက်၊ သာမန်ဆိုင်တစ်ဆိုင်မာသာချိန်းလိုက်သည် ယောကျားလေးဆိုသည့်အတိုင်းပန်းခြံနားကလက်ဖက်ရည်ဆိုင်သာချိန်းလိုက်သည်။ထိုဆိုင်တွင်ခက်ထန်အရင်ရောက်နှင့်နေသည်၊ နာရီဝက်ကြာပြီးမှ သွေးသစ်ပိုင်ရောက်လာခဲ့သည်၊ တစ်ယောက်အကြောင်းတစ်ယောက်ပြောရင်းနဲ့ ရင်နှင်းသွားခဲ့ကြသည်။

...တစ်ဖက်တွင်မူ....

လွန်းခန့်အိမ်သည်လဲ မနက်ရေမိုးချိုးပြီးသည်နှင့် အောက်ထပ်တွင်မနက်စာစားရန် ဆင်းလာခဲ့သည်၊ မနက်စာစားနေစဉ် လွန်းခန့်အိမ်က အိမ်တော်ထိန်းအားလှမ်းခေါ်လိုက်သည်ကြောင့် အိမ်တော်ထိန်းသည်ချက်ချင်းပင်ရောက်လာခဲ့သည်။

"သခင်းလေး၊...ဘာအလိုရှိလို့ပါလဲဗျာ့"

"အရေးကြီးကိစ္စတော့မဟုပါဘူး၊ ကျွန်တော်ကျောင်းတက်ဖို့ကိစ္စပါ"

"ဟုကဲ့ အရင်ကိုယ်ပိုင်ကျောင်းမှာ စာရင်းပေးပြီးသွားပါပြီ သခင်လေး"

"ကျွန်တော်၊ ကိုယ်ပိုင်ကျောင်းမတက်ချင်ဘူး၊အစိုးရကျောင်းပြောင်းတက်ချင်တယ်၊ အဲ့ဒါဦးလေးစီစဉ်ပေးပါ့လား"

"ဗျာ၊........."အိမ်တော်ထိနိး ဦးနုသည် ခနတာမင်သက်သွားပြီး အံဩနေတော့သည်။

❣️အသည်းကွဲ ဒိုင်ယာရီ❣️Where stories live. Discover now