#MY Stepbrother#

52.8K 2K 220
                                    

(part2ကနေပဲupထားပါတယ်နော်)

နေခတစ်ယောက်ကပေါ်မှာအိပ်ကာလိုက်လာသော်
လည်း မင်းခန့်မှာမအိပ်ပဲသူ့ကလေးလေးကို ထိုင်ကြည့်နေရှာတယ် အိမ်ရောက်တော့ကားက ရပ်သွားနဲ့နေခလေးနိုးလာပြီး မင်းခန့်ကိုပြုံးပြကာ..

"ကိုကိုသားကိုချီပါလားဟင်"

"သားကလမ်းမ‌လျှောက်တတ်ဘူးလား"

"လမ်းတော့လျှောက်တတ်တာပေါ့ခန်းမထဲမှာဟိုသွားလိုက်ဒီသွားလိုက်ဆိုတော့ ခြေထောက်နာလို့"

တစ်နေ့လုံးသူ့ကိုကိုပေါင်ပေါ်မှာထိုင်နဲ့ပြီးတော့
ကလေးလေး မလိမ်တတ်ပဲနဲ့..

"ဟုတ်ပါပြီဗျာ"

ကားပေါ်ကဆင်းလိုက်တာနဲ့ခရီးဆောင်အိတ်တွေကို
ပေါ်တင်နေတာတွေ့တော့သူ့မာမီနဲ့ဦးလေးကြီးပင်

"မာမီ ဘယ်သွားမလို့လဲဟင်"
ဝိုင်းစက်နေတယ့်မျက်လုံးထဲမှာမျက်ရည်ဝဲဝဲလေးနဲ့မေးတော့...

"မာမီခရီးသွားမို့လေ "

"ဟင် သားလဲလိုက်မယ်လေ"

"သားရယ်ဦးတို့သွားမှာသိပ်မကြာဘူးပြန်လာမှာ"
ဘေးနားကနေသူ့ဒုတိယဖေဖေပြောပြနေသော်လည်း
ဂရုမစိုက်သူ့မေမေကိုသာကြည့်နေမိ...

"သားမင်းခန့်ရေလုပ်ပါအုန်း"

"နေခလေးမဆိုးရဘူးလေ ကိုကိုမနေဘူးလား"

"ဗျဲ မရဘူးမာမီနဲ့ပဲလိုက်သွားမှာ"
ပြောမရတာနဲ့မင်းခန့်မြတ် နေခကိုပွေ့ချီလိုက်တော့
နေခလက်တစ်ဖက်ကပြုတ်ကျမှာဆိုးလို့အသည်းအသဲဂုတ်ကိုလှမ်းဖတ်ပြီး သူမေမေကိုလိုက်မယ် အော်နေလေရယ့်...

"အန်တီနဲ့ဖေဖေစိတ်ချလက်ချသွားပါ နေခကိုကျွန်တော်ဂရုစိုက်ပြီးဖြောင်းဖြလိုက်ပါ့မယ်"

"အင်းပါသားရယ်ကျေးဇူးပါ "

"သားညီလေးကိုဂရုစိုက်နော်"

"ဟုတ်ကဲ့ပါ ဖေဖေကျွန်တော်ဂရုစိုက်ပါ့မယ်"

"ဗျဲ သားလိုက်မယ်လို့ ဟင့် မာမီ"
ကားထွက်တယ့်အချိန်မှာမင်းခန့်ကနေခလေးအောက်ချပေးတော့ နေခလေးကားနောက်ကို ပြေးလိုက်ပြီးအော်ငိုနေရယ့် ချော်လဲသွားတော့ မင်းခန့်ပြေးပြီးလာချီသည်...

My Stepbrother🔞🔞🔞Unde poveștirile trăiesc. Descoperă acum